ကမ္ဘာဦး 14:22 - မြန်မာ့စံမီသမ္မာကျမ်း
22 သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
22-24 ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
22-24 အာ ဗြံ က၊ အ ကျွန်ုပ် နှင့် လိုက် ပါ သူ အာ နေ ရ၊ ဧ ရှ ကော လ၊ မံ ရေ တို့ ရ အပ် သော ၀ေ စု ကို ယူ ပါ လေ စေ။ အာ ဗြံ ကို ငါ ကြွယ်၀ စေ ပြီ ဟု ကိုယ် တော် ပြော ဆို ခွင့် မ ရှိ စေ ရန် ၎င်း တို့ ၀ေ စု နှင့် လု လင် တို့ စား သုံး ပြီး သော အ ရာ များ မှ တစ် ပါး ကိုယ် တော်၏ ဥ စ္စာ မှန် က ချည် တစ် မျှင် ဖြစ် စေ၊ ခြေ နင်း ကြိုး တစ် ပင် ဖြစ် စေ၊ တစ် စုံ တစ် ခု ကို မျှ အ ကျွန်ုပ် မ ယူ လို ပါ ဟူ၍ မိုး မြေ ရှင် မြင့် မြတ် သော ဘု ရား သ ခင် ထာ၀ ရ ဘု ရား ကို လက် အုပ် ချီ လျက် တိုင် တည် ပါ သည် ဟု သော ဒုံ မင်း အား လျှောက် ဆို ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
22-24 အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ