၂ ရာချုပ် 29:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထို့နောက် ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့က လေဝိအမျိုးတို့အား ဒါဝိဒ်မင်းကြီးနှင့် ဗျာဒိတ်ရသူအာသပ်တို့ရေးဖွဲ့ခဲ့သောသီချင်းဖြင့် ထာဝရဘုရားကိုချီးမွမ်းသီဆိုရန်ပြောသောအခါ သူတို့သည် ဝမ်းမြောက်စွာချီးမွမ်းလျက် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ဟေ ဇ ကိ မင်း မှ စ ၍ မှူး တော် မတ် တော် တို့ လည်း၊ ဒါ ဝိဒ် မင်း နှင့် အ ဆို တော် အာ သပ် တို့ လင်္ကာ ဖြင့် ထာ ဝ ရ ဘု ရား ၏ ဂုဏ် တော် ကို ဖွဲ့ ဆို ကြ စေ ရန်၊ လေ ဝိ ဂိုဏ်း သား တို့ အား စီ မံ သည် နှင့် အ ညီ၊ ရွှင် လန်း စွာ သီ ဆို လျက်၊ ပျပ် ဝပ် ရှိ ခိုး ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible30 တစ်ဖန် ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက်အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာသီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
ဂျေရုဆလင်မြို့သို့လာရောက်သော အစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်ပတ်လုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြ၏။ လေဝိအမျိုးသားတို့နှင့် ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရားထံ နေ့စဉ်ချီးမွမ်းသီဆိုကြ၏။ တူရိယာများတီးမှုတ်လျက် ထာဝရဘုရားအား ချီးမွမ်းကြ၏။
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။