၁ ရာချုပ် 16:36 - မြန်မာ့စံမီသမ္မာကျမ်း36 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible36 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible36 ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ရှေး ကာ လ အ ဆက် ဆက် မှ စ၍ နောင် ကာ လ အ ဆက် ဆက် တိုင် အောင် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော ဟု ဖွဲ့ ဆို သော် လူ ပ ရိ သတ် ဥဿုံ သည် အာ မင် ဟု ဝန် ခံ လျက် ထာ ဝ ရ ဘု ရား ဂုဏ် တော် ကို ချီး မွမ်း ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible36 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟုဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။