နေဟမိ 8:6 - Common Language Bible6 ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ဧ ဇ ရ သည်၊ မ ဟာ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ရာ၊ လက် အုပ် ချီ သော ပ ရိ သတ် သည်၊ အာ မင်၊ အာ မင် ဟု ဝန် ခံ လျက်၊ ထာ ဝ ရ ဘု ရား ကို ဦး ညွှတ် ပျပ် ဝပ် ရှိ ခိုး ပြီး လျှင်၊ နေ ရာ မှ ထ ရပ် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible6 ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဧဇရသည် ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုသောအခါ လူအပေါင်းတို့သည် လက်ကိုမြှောက်လျက် “အာမင် အာမင်”ဟု ဝန်ခံကြ၏။ ထို့နောက် မြေပေါ်တွင်ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။