သို့သော် သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်အပေါ် သစ္စာမရှိ၊ သူတို့ရှေ့တွင် ဘုရားသခင်ဖျက်ဆီးတော်မူခဲ့သော ထိုပြည်သားတို့၏ဘုရားများထံသွား၍ ဖောက်ပြန်မှားယွင်းကြ၏။
ထွက်မြောက် 34:15 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထိုပြည်၌နေထိုင်သောသူတို့နှင့်ပဋိညာဉ်ဖွဲ့လျှင် သူတို့သည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ၌လည်းကောင်း၊ မိမိတို့၏ဘုရားများအား ယဇ်ပူဇော်သောအခါ၌လည်းကောင်း သင့်ကိုဖိတ်ခေါ်၍ သင်သည် သူတို့ပူဇော်သောယဇ်ကောင်ကိုစားမိလိမ့်မည်။ Common Language Bible သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။- Garrad Bible သင် တို့ သည် ထို ပြည် သူ ပြည် သား တို့ နှင့် မိတ် သ ဟာ ယ ဖွဲ့ သ ဖြင့် ချင်း တို့ ဘု ရား များ နှင့် မှား ယွင်း ခြင်း၊ ထို ဘု ရား များ အား ယဇ် ပူ ဇော် ခြင်း များ ကို သူ တို့ ပြု ကြ ရာ ခေါ် ဖိတ် ခြင်း ကို ခံ လျက် ယဇ် ကောင် ကို သင် တို့ မ စား စေ ခြင်း ငှါ လည်း ကောင်း၊ Judson Bible သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကိုခေါ်၍ သင်သည် ထိုယဇ်ကောင်ကိုစားမည်ဟူ၍လည်းကောင်း၊ |
သို့သော် သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်အပေါ် သစ္စာမရှိ၊ သူတို့ရှေ့တွင် ဘုရားသခင်ဖျက်ဆီးတော်မူခဲ့သော ထိုပြည်သားတို့၏ဘုရားများထံသွား၍ ဖောက်ပြန်မှားယွင်းကြ၏။
ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် နွားသငယ်၊ သိုးထီး၊ သိုးသငယ် တို့ဖြစ်စေ၊ ဂျုံ၊ ဆား၊ စပျစ်ဝိုင်၊ ဆီ တို့ဖြစ်စေ လိုအပ်သမျှကို ဂျေရုဆလင်မြို့ရှိ ယဇ်ပုရောဟိတ်တို့ တောင်းဆိုသည့်အတိုင်း နေ့စဉ်မပျက်မကွက် ပေးရမည်။
သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။ ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
သင်သည် ထိုသူတို့နှင့်လည်းကောင်း၊ ထိုသူတို့၏ဘုရားများနှင့်လည်းကောင်း ပဋိညာဉ်မဖွဲ့ရ။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။
ယခင်က သူတို့သည် ဖောက်ပြန်မှားယွင်းပြီး မိမိတို့၏ယဇ်များကို ဆိတ်နတ်ဘုရားများအား ပူဇော်ခဲ့ကြသကဲ့သို့ နောက်တစ်ဖန် မပူဇော်ရ။ ဤသည်ကား သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
မယုံကြည်သူတစ်စုံတစ်ယောက်က သင်တို့ကိုဖိတ်ခေါ်၍ သင်တို့သွားလိုလျှင် သင်တို့ရှေ့၌တည်ခင်းသမျှသောအရာကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
အကြောင်းမူကား အသိပညာရှိသောသင်သည် ရုပ်တုဗိမာန်ထဲ၌ ထိုင်၍စားသောက်နေသည်ကို တစ်စုံတစ်ဦးကတွေ့မြင်လျှင် ထိုသူ၏အားနည်းသည့်အသိစိတ်သည် ရုပ်တုအားပူဇော်ထားသောအရာကိုစားရန် ရဲတင်းလာမည်မဟုတ်လော။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။
သို့သော် လူတိုင်း၌ ဤအသိပညာရှိသည်မဟုတ်။ လူအချို့တို့သည် ရုပ်တုကိုးကွယ်သည့်အလေ့အထရှိခဲ့သည်ဖြစ်၍ ထိုအသားကိုစားသောအခါ ယခုအထိပင် ရုပ်တုအားပူဇော်ထားသောအရာများအဖြစ်စားကြသဖြင့် သူတို့၏အားနည်းသည့်အသိစိတ်သည် မသိုးမသန့်ဖြစ်ရ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
သူတို့သည် အခြားဘုရားများထံသို့လှည့်သွား၍ သူတို့ပြုသောမကောင်းမှုအားလုံးကြောင့် ထိုနေ့ရက်၌ စင်စစ်ငါမျက်နှာလွှဲမည်။
ကိုယ်တော်က ‘သူတို့ခိုလှုံရာကျောက်ဆောင်ဖြစ်သော သူတို့ဘုရားများကား အဘယ်မှာရှိသနည်း။
ထိုဘုရားတို့သည် သူတို့ပူဇော်သောယဇ်ကောင်၏အဆီကိုစား၍ သူတို့၏သွန်းလောင်းရာပူဇော်သက္ကာစပျစ်ဝိုင်ကိုသောက်ကြ၏။ ထိုဘုရားတို့သည် သင်တို့ကို ထ၍ကူညီမစပါလေစေ။ သင်တို့ကို ကွယ်ကာပါလေစေ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ထိုလူမျိုးတို့နှင့် ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သမီးကို သူတို့၏သားနှင့် မပေးစားရ။ သူတို့၏သမီးကိုလည်း သင်တို့၏သားနှင့် မပေးစားရ။
အကယ်၍ သင်တို့သည် လမ်းလွဲ၍ သင်တို့တွင် ကြွင်းကျန်နေသေးသောလူမျိုးတို့နှင့်မိတ်ဖွဲ့ပြီး သူတို့နှင့်စုံဖက်၍ ထွေးရောယှက်တင်နေလျှင်
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
သို့သော် သူတို့သည် တရားသူကြီးတို့၏စကားကို နားမထောင်၊ အခြားဘုရားများကို ရှိခိုးကိုးကွယ်လျက် ဖောက်ပြန်မှားယွင်းကြ၏။ ဘိုးဘေးတို့ နာခံလိုက်လျှောက်ခဲ့ကြသောထာဝရဘုရား၏ပညတ်တရားလမ်းမှ အလျင်အမြန်လမ်းလွဲသွားကြ၏။ ထိုလမ်းအတိုင်း မလိုက်လျှောက်ကြ။
သူတို့၏သမီးများကို လက်ထပ်ယူကြ၏။ မိမိတို့၏သမီးများကိုလည်း ထိုလူမျိုးခြားတို့၏သားများနှင့် ပေးစားကြ၏။ သူတို့၏ဘုရားများကိုလည်း ဝတ်ပြုကြ၏။