Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 23:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကယ်၍ သင်​တို့​သည် လမ်းလွဲ​၍ သင်​တို့​တွင် ကြွင်းကျန်​နေ​သေး​သော​လူမျိုး​တို့​နှင့်​မိတ်ဖွဲ့​ပြီး သူ​တို့​နှင့်​စုံဖက်​၍ ထွေးရောယှက်တင်​နေ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သင် တို့ သည် ဖောက် ပြန်၍၊ လူ မျိုး ခြား အကြွင်း အ ကျန် တို့ နှင့် မှီ ဝဲ လျက် ထိမ်း မြား ပေါင်း သင်း ခဲ့ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:12
28 ပူးပေါင်းရင်းမြစ်များ  

ထိုအကြောင်းကြောင့် ယောက်ျား​သည် မိဘ​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​တို့​သည် တစ်သားတစ်ကိုယ်တည်း ဖြစ်​ကြ​လိမ့်မည်​။


ရှေခင်​၏​စိတ်နှလုံး​သည် ယာကုပ်​၏​သမီး​ဒိန​ကို​စွဲလမ်း​၏​။ သူ​သည် ထို​မိန်းကလေး​ကို​ချစ်​၏​။ ကြင်နာ​စွာ​စကားပြော​၏​။


ထို​တစ်ပါးအမျိုးသမီး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က အစ္စရေး​အမျိုးသား​တို့​အား “​ထို​သူ​တို့​ထံသို့ မ​သွား​နှင့်​။ သင်​တို့​ထံ​လည်း မ​လာ​စေ​နှင့်​။ သူ​တို့​သည် သင်​တို့​ကို သူ​တို့​ဘုရား​နောက်သို့​စိတ်ပါ​သွား​အောင် ဖြားယောင်း​ကြ​လိမ့်မည်​”​ဟု မိန့်မှာ​ထား​နှင့်​ပြီ​ဖြစ်​၏​။ သို့သော် ရှောလမုန်​မင်းကြီး​သည် ထို​သူ​တို့​ကို​မှ စွဲစွဲလမ်းလမ်း​ချစ်​၏​။


ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။


မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


သူ​၏​နှုတ်ထွက်​စကား​တို့​သည် ယုတ်ညံ့​၍​လိမ်လည်လှည့်ဖြား​တတ်​၏​။ သူ​သည် ပညာသတိ​ရှိ​ခြင်း​နှင့် ကောင်း​သော​အမှု​ပြု​ခြင်း​ကို စွန့်​လေ​ပြီ​။


အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။


‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။


ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လှည့်ပြန်​သော​သူ​များ​၊ ထာဝရဘုရား​ကို မ​ရှာဖွေ မ​စူးစမ်း​သော​သူ​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။”


ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။


ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။


သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အပေါ်​အမျက်ထွက်​၍ သင်​တို့​ကို မြေကြီး​ပေါ်​မှ ဖျက်ဆီး​တော်မူ​မည်​ကို စိုးရိမ်​ရ​၏​။


ထို​လူမျိုး​တို့​နှင့် ထိမ်းမြား​ခြင်း​မ​ပြု​ရ​။ သင်​တို့​၏​သမီး​ကို သူ​တို့​၏​သား​နှင့် မ​ပေးစား​ရ​။ သူ​တို့​၏​သမီး​ကို​လည်း သင်​တို့​၏​သား​နှင့် မ​ပေးစား​ရ​။


အကြောင်းမူကား သူ​တို့​သည် သင်​တို့​၏​သား​ကို ငါ့​ထံ​မှ လမ်းလွဲ​စေ​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​စေ​ကြ​လိမ့်မည်​။ ထိုအခါ ထာဝရဘုရား​သည် အမျက်ထွက်​၍ သင်​တို့​ကို အလျင်အမြန်​ဖျက်ဆီး​တော်မူ​လိမ့်မည်​။


သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ကြ​ရ​မည့်​အကြောင်း ကိုယ့်ကိုယ်ကိုယ်​အထူး​သတိပြု​ကြ​လော့​။


ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။


သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။


သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ