တရားဟော 31:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် အခြားဘုရားများထံသို့လှည့်သွား၍ သူတို့ပြုသောမကောင်းမှုအားလုံးကြောင့် ထိုနေ့ရက်၌ စင်စစ်ငါမျက်နှာလွှဲမည်။ အခန်းကိုကြည့်ပါ။Common Language Bible18 သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible18 အ ခြား ဘု ရား များ သို့ လွှဲ သွား လျက် ပြု ကျင့် ကြ သော ဆိုး သွမ်း မှု ကို ထောက်၍ ထို ကာ လ၌ မျက် နှာ တော် ကို မု ချ ငါ လွှဲ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သူတို့သည် အခြားတစ်ပါးသော ဘုရားတို့နောက်သို့လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွှဲမည်။ အခန်းကိုကြည့်ပါ။ |
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးသားတို့သည် သူတို့ပြုသောအပြစ်ကြောင့် ဖမ်းခေါ်သွားခြင်းခံရကြောင်း လူမျိုးတကာတို့ သိရကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ငါ့အပေါ်သစ္စာမဲ့၍ ငါသည် သူတို့ထံမှမျက်နှာလွှဲသဖြင့် သူတို့ကို ရန်သူတို့လက်သို့ အပ်လိုက်၍ သူတို့အားလုံး ရန်သူ့ဓားကြောင့် သေဆုံးရကြ၏။