ထွက်မြောက် 34:12 - မြန်မာ့စံမီသမ္မာကျမ်း12 သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible12 သင်တို့ဝင်ရောက်တိုက်ခိုက်မည့်ပြည်သားတို့ နှင့်မဟာမိတ်မဖွဲ့ရန်သတိပြုလော့။ ထို သို့ပြုလုပ်လျှင် သင်တို့သည်သူတို့၏ ထောင်ချောက်တွင်းသို့ကျလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် တို့ ယ ခု သွား သော ပြည် သူ ပြည် သား တို့ နှင့် မိတ် သ ဟာ ယ ဖွဲ့ သ ဖြင့်၊ သင် တို့ အ လယ်၌ ကျော့ ကွင်း သ ဖွယ် မ ဖြစ် စေ ခြင်း ငှါ သ တိ ထား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible12 သင်သည် ယခုသွားသောပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။ အခန်းကိုကြည့်ပါ။ |
ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။