Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 22:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တိရစ္ဆာန်​နှင့်​မေထုန်ပြု​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ``တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သူ​ကို​သေ​ဒဏ်​စီ ရင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တိ ရ စ္ဆာန် နှင့် မှား ယွင်း သူ သည် မု ချ သေ ဒဏ် ခံ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တိ​ရ​စ္ဆာန်​နှင့်​သင့်​နေ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 22:19
14 ပူးပေါင်းရင်းမြစ်များ  

အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် အမှုဆောင်​သော​ယဇ်ပုရောဟိတ်​အားလုံး​ကို ယဇ်ပလ္လင်​ပေါ်တွင် ကွပ်မျက်​ပြီး သူ​တို့​အပေါ် လူသေအရိုး​တို့​ကို​တင်​၍ မီးရှို့​ပစ်​၏​။ ထို့နောက်မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။


လူကြီး​လူငယ်​၊ ယောက်ျား​မိန်းမ မရွေး အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ရှာ​သော​သူ​အားလုံး အသတ်​ခံရ​မည်​ဖြစ်​၏​။


သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။


သင်​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​လျှင် သူ​တို့​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ​၌​လည်းကောင်း​၊ မိမိ​တို့​၏​ဘုရား​များ​အား ယဇ်ပူဇော်​သောအခါ​၌​လည်းကောင်း သင့်​ကို​ဖိတ်ခေါ်​၍ သင်​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​စား​မိ​လိမ့်မည်​။


ယခင်က သူ​တို့​သည် ဖောက်ပြန်မှားယွင်း​ပြီး မိမိ​တို့​၏​ယဇ်​များ​ကို ဆိတ်နတ်ဘုရား​များ​အား ပူဇော်​ခဲ့​ကြ​သကဲ့သို့ နောက်တစ်ဖန် မ​ပူဇော်​ရ​။ ဤသည်ကား သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


တိရစ္ဆာန်​တစ်ကောင်ကောင်​နှင့်​မေထုန်ပြု​ခြင်း​ဖြင့် ထို​တိရစ္ဆာန်​နှင့် ညစ်ညူးမှု​ကို မ​ပြု​ရ​။ မိန်းမ​သည်​လည်း တိရစ္ဆာန်​နှင့် ဆက်ဆံ​ခြင်း​ကို မ​ပြု​ရ​။ ထို​အမှု​သည် ညစ်ညမ်းသောအမှု​ဖြစ်​၏​။


ထို့ကြောင့် သူ​တို့​၏​ပြည်​သည်​လည်း ညစ်ညူး​၏​။ သို့ဖြစ်၍ ပြည်​၏​ဒုစရိုက်​ကြောင့် ငါ​ဒဏ်ခတ်​သဖြင့် ပြည်​သည် ပြည်သူပြည်သား​တို့​ကို အန်ထုတ်​လေ​ပြီ​။


အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။


ထို​မြို့​မှ​တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို လဟာပြင်​အလယ်​၌​စုပုံ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ထို​မြို့​နှင့်တကွ တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်အစင်​မီး​ရှို့​ပူဇော်​ရ​မည်​။ ထို​မြို့​သည် အပျက်အစီးပုံကြီး အစဉ်​ဖြစ်​ရ​မည်​။ နောက်တစ်ဖန် မ​တည်ဆောက်​ရ​။


ထို​နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​တို့​လည်း ပြည့်စုံ​လာ​ပြီး ‘​သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့ လိုက်သွား​ကြ​ကုန်​စို့​။ ဝတ်ပြု​ကြ​ကုန်​စို့​’​ဟု သင်​တို့​အား​ဆို​လျှင်​လည်း


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​တစ်​မြို့မြို့​တွင် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထာဝရဘုရား​၏​ပဋိညာဉ်​ကို​ချိုးဖောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြောင်း​၊


သင်​သည် ထို​မကောင်း​သော​အမှု​ကို​ပြု​ခဲ့​သော ယောက်ျား​ကို​ဖြစ်စေ​၊ မိန်းမ​ကို​ဖြစ်စေ မြို့​တံခါး​သို့​ထုတ်ဆောင်​လာ​ပြီး ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။


‘​တိရစ္ဆာန်​တစ်ကောင်ကောင်​နှင့်​မေထုန်ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ