ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
ထွက်မြောက် 26:31 - မြန်မာ့စံမီသမ္မာကျမ်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။ Common Language Bible ``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။- Garrad Bible ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ခတ် တတ် သော ခေ ရု ဗ ရုပ် ပုံ ပါ ကန့် လန့် ကာ ကို ရက် လုပ် ပြီး လျှင်၊ Judson Bible တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။ |
ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
အို ဂျေရုဆလင်မြို့၊ သင့်ကိုငါမေ့လျော့ခဲ့လျှင် ငါ၏လက်ယာလက်သည် မိမိ၏အတတ်ကိုမေ့လျော့ပါစေ။
ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှားသစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
သေတ္တာနှင့် သေတ္တာ၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင်နှင့် ၎င်းကိုကာရန် ကန့်လန့်ကာကိုလည်းကောင်း၊
လက်မှုအတတ်ကျွမ်းကျင်သောမိန်းမအပေါင်းတို့သည်လည်း မိမိတို့လက်ဖြင့်ဗိုင်းငင်ပြီးလျှင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ခင်တို့ကိုလည်းကောင်း၊ ပိတ်ချောထည်ကိုလည်းကောင်း ယူဆောင်လာကြ၏။
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။
ကန့်လန့်ကာအတွက် အကေရှားသစ်သားတိုင်လေးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုတိုင်တို့၌ ရွှေချိတ်များပါရှိ၏။ ထိုတိုင်တို့အတွက် အောက်ခံငွေအစွပ်လေးခုကို သွန်းလုပ်၏။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။
ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သားအဟောလျဘသည်လည်း သူနှင့်အတူ လုပ်၏။ အဟောလျဘသည် လက်မှုအတတ်၊ ပုံဖော်သောအတတ်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးသောအတတ်တို့ကို ကျွမ်းကျင်သူဖြစ်၏။
သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
အို မင်းသမီး၊ ခြေနင်းစီးထားသောသင့်ခြေထောက်များသည် အလွန်လှပပါသည်တကား။ သင်၏တင်သည် လက်မှုပညာသည်ကဖန်တီးလိုက်သော အနုပညာလက်ရာနှင့်တူပါ၏။
ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုသတ်၍ ၎င်း၏သွေးကို ကန့်လန့်ကာအတွင်းဘက်သို့ယူဆောင်လာရမည်။ နွားထီး၏သွေးကိုဖျန်းသကဲ့သို့ ဆိတ်ထီးကလေး၏သွေးကိုလည်း ကရုဏာတော်ပလ္လင်ပေါ်၌လည်းကောင်း၊ ကရုဏာတော်ပလ္လင်ရှေ့၌လည်းကောင်း ဖျန်းရမည်။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်းခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာ