Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​သောအခါ အာရုန်​နှင့်​သူ​၏​သား​တို့​သည်​ဝင်လာ​၍ ကန့်လန့်ကာ​ကို​ဖြုတ်သိမ်း​ပြီးလျှင် ထို​ကန့်လန့်ကာ​ဖြင့် သက်သေခံချက်​သေတ္တာ​တော်​ကို ဖုံးအုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ကော ဟတ် သား တို့ တာ ဝန် မှာ အာ ရုန် နှင့် သား တို့ သည် တပ် တော် ထွက် ချီ တိုင်း ဝင်၍ ဖြုတ် ချ သော ကာ ရန် ကန့် လန့် ကာ ဖြင့် သက် သေ တော် သေ တ္တာ ကို ထုတ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်​လာ၍၊ အ​တွင်း​ကု​လား​ကာ​ကို​ချ​ပြီး​လျှင်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို အုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:5
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရဘုရား​က မောရှေ​အား မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ထမ်းပိုး​တို့​နှင့် ပခုံး​ပေါ်​တင်ထမ်း​ကာ သယ်ဆောင်​လာ​ကြ​၏​။


လေဝိ​အမျိုး​တို့​သည်​လည်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် အမှု​တော်​ထမ်းဆောင်​ရာ​တွင်​သုံး​သော တဲ​တော်​၏​အသုံးအဆောင်​တို့​ကို သယ်ဆောင်​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။


ကန့်လန့်ကာ​ကို​လည်း အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ ကြက်သွေးရောင်​ချည်​နှင့် ချည်ချော​များ​ဖြင့် ရက်လုပ်​၏​။ ထို​ကန့်လန့်ကာ​တွင် ခေရုဗိမ်ရုပ်​များ​ကို ပုံဖော်​ရက်လုပ်​ထား​၏​။


အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်​ရုပ်​ကို လက်ရာမြောက်​စွာ​ပုံဖော်​ထား​သော ကန့်လန့်ကာ​ကို​လုပ်​၏​။


ကိန်းဝပ်​တော်မူ​ရာ​ဌာန​ထဲ၌ သက်သေခံချက်​သေတ္တာ​တော်​ကို ထား​ပြီးလျှင် ထို​သေတ္တာ​တော်​ကို ကန့်လန့်ကာ​ဖြင့် ကာ​ရ​မည်​။


နံ့သာပေါင်း​ရွှေ​ယဇ်ပလ္လင်​ကို သက်သေခံချက်​သေတ္တာ​တော်​၏​ရှေ့​၌​ထား​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဝင်ဝ​၌ လိုက်ကာ​တပ်​ရ​မည်​။


ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။


“​ငါ​သည် ကရုဏာ​တော်​ပလ္လင်​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။


ယုဒ​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ရှေ့ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိနဒပ်​၏​သား နာရှုန် ဦးစီး​၏​။


တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့​လုပ်​ရ​မည့်​အလုပ်​ကား အထူး​သန့်ရှင်းသောအရာ​များ​နှင့်ဆိုင်သော​အလုပ် ဖြစ်​၏​။


ကောဟတ်​သားမြေး​တို့​ကို​မူကား မ​ပေးအပ်​ချေ​။ အကြောင်းမှာ သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တာဝန်ယူ​ရ​၍ ၎င်း​တို့​ကို ပခုံး​ဖြင့် ထမ်း​ရ​သောကြောင့်​ဖြစ်​၏​။


ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။


မောရှေ​သည် ဤ​ပညတ်တရားတော်​ကို ရေးသား​၍ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​အား ပေးအပ်​လေ​၏​။


ထို​သွေး​တော်​အားဖြင့် ကိုယ်တော်​သည် မိမိ​ကိုယ်ကာယ​တည်းဟူသော ကန့်လန့်ကာ​မှတစ်ဆင့် ငါ​တို့​အတွက် အသက်ရှင်​သည့်​လမ်း​သစ်​ကို ပြင်ဆင်​ပေး​တော်မူ​၏။


ဒုတိယ​ကန့်လန့်ကာ​၏​နောက်တွင်​မူကား အလွန်​သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။


ဗက်ရှေမက်​မြို့သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ထဲသို့ ကြည့်​မိ​သောကြောင့် ကိုယ်တော်​သည် မြို့သား​အချို့​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။ လူ​ငါးသောင်း​ခုနစ်ဆယ် ဒဏ်ခတ်​ခံရ​လေ​၏​။ ထာဝရဘုရား​သည် လူ​တို့​ကို အမြောက်အမြား​ဒဏ်ခတ်​တော်မူ​သောကြောင့် လူ​တို့ ငိုကြွေးမြည်တမ်း​ကြ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ