Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ထွက်​မြောက် 26 - Garrad Bible

1 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ရက် လုပ် သော ခေ ရု​ဗ ရုပ် ပုံ ပါ၊ တင်း တိမ် ရံ ဆယ် ထည် ဖြင့် စံ ရာ တော် ကို လည်း လုပ် လော့။

2 တင်း တိမ် ရံ များ သည် အ လျား နှစ် ဆယ့် ရှစ် တောင်၊ အ နံ လေး တောင် စီ၊ တင်း တိမ် ရံ ချင်း၊ အ တိုင်း အ ထွာ ညီ မျှ ရ မည်။

3 တင်း တိမ် ရံ ငါး ထည် စီ စပ် ရ မည်။

4 ငါး ထည် စပ် တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် စီ၌ ကွင်း များ ကို ချည် ပြာ နှင့် လုပ်၍ တပ် လော့။

5 ထို ငါး ထည် စပ် တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် တစ် ဘက်၌ ကွင်း ငါး ဆယ် စီ ကို လုပ်၍ ကွင်း ချင်း ဆိုင် လျက် တပ် ထား လော့။

6 ရွှေ ချိတ် ငါး ဆယ် ကို လည်း လုပ်၍ ထို ချိတ် များ ဖြင့် တင်း တိမ် ရံ ချင်း ချိတ် တွယ် လျှင် စံ ရာ တော် တစ် ဆောင် တည်း ဖြစ် လိမ့် မည်။

7 စံ ရာ တော် အ ပေါ် တဲ မိုး ဖြစ် စေ ရန် တင်း တိမ် ရံ ဆယ့် တစ် ထည် ကို ဆိတ် မွေး နှင့် ရက် လုပ် လော့။

8 တင်း တိမ် ရံ များ သည် အ လျား အ တောင် သုံး ဆယ်၊ အ နံ လေး တောင် စီ၊ တင်း တိမ် ရံ ဆယ့် တစ် ထည်၊ အ တိုင်း အ ထွာ ညီ မျှ ရ မည်။

9 တင်း တိမ် ရံ တစ် ထည် ကို ငါး ထည်၊ တစ် ထည် ကို ခြောက် ထည် စပ်၍၊ ဆ ဌ မ အ စပ် ကို တဲ တော် ဦး၌ ခေါက် တင် လော့။

10 စပ် သော တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် တစ် ဘက် ၌၊ ကွင်း ငါး ဆယ် စီ ကို လုပ် ၍ တပ် လော့။

11 ကြေး ချိတ် ငါး ဆယ် ကို လည်း လုပ် ၍ ကွင်း များ၌ ချိတ် လျက်၊ တစ် ဆောင် တည်း ဖြစ် စေ ရန် တဲ ကို စပ် လော့။

12 တဲ တင်း တိမ် ရံ အ နက် ပို မို သော တင်း တိမ် ရံ တစ် ဝက် ကို စံ ရာ တော် နောက် မှာ ဆွဲ ထား လော့။

13 ပို မို သော တဲ တင်း တိမ် ရံ အ လျား နှစ် တောင် ကို ကား စံ ရာ တော် ဖုံး အုပ် ရန် တစ် ဘက် တစ် တောင် စီ ဆွဲ ထား လော့။

14 အ နီ ဆိုး သော သိုး ရေ ဖြင့် တဲ အ ပေါ် ထပ် မိုး ကို လည်း ကောင်း၊ ဖျံ ရေ ဖြင့် အ ပြင် ထပ် မိုး ကို လည်း ကောင်း လုပ် လော့။

15 စံ ရာ တော် အ တွင်း၌ ရှား သား ဖြင့် ဘောင် ခွေ များ ကို လုပ်၍ တည် ထား လော့။

16 ဘောင် ခွေ များ သည် အ လျား ဆယ် တောင်၊ အ နံ တစ် တောင့် ထွာ စီ ရှိ ရ မည်။

17 စ ရွေး နှင့် တ ကွ ပြော့ နှစ် ချောင်း ပါ သော ထို ဘောင် ခွေ များ ကို လုပ် လော့။

18 စံ ရာ တော် တောင် ဘက်၌ ဘောင် ခွေ နှစ် ဆယ် ကို လုပ် ထား လော့။

19 ထို ဘောင် ခွေ နှစ် ဆယ် အ ဖို့ ပြော့ နှစ် ချောင်း ရှိ တစ် ခွေ လျှင် အောက် ခံ ခုံ နှစ် ခု၊ ငွေ အောက် ခံ ခုံ လေး ဆယ် ကို လုပ် လော့။

20 ထို အ တူ စံ ရာ တော် မြောက် ဘက် ဘေး၌ ဘောင် ခွေ နှစ် ဆယ် နှင့် တ ကွ၊

21 တစ် ခွေ လျှင် နှစ် ခု၊ ငွေ အောက် ခံ ခုံ လေး ဆယ် ကို လုပ် ထား လော့။

22 စံ ရာ တော် အ နောက် မျက် နှာ၌ လည်း ဘောင် ခွေ ခြောက် ခု ကို လုပ် ထား လော့။

23-24 ထို မျက် နှာ နှစ် ထောင့်၌ ကား၊ အောက် မှ အ ထက် ကွင်း မှီ အောင် တစ် စုံ ဖြစ် သော ဘောင် ခွေ နှစ် ခု ကို လုပ် ထား လော့။ ထို သို့ လျှင် နှစ် ထောင့် လုံး အ ဖို့ ဖြစ် ရ မည်။

25 ၎င်း ဘောင် ခွေ ရှစ် ခု ရှိ သည် နှင့် အ ညီ၊ တစ် ခွေ လျှင် နှစ် ခု၊ ငွေ အောက် ခံ ခုံ ဆယ့် ခြောက် ခု ရှိ ရ မည်။

26-27 စံ ရာ တော် ရှိ ဘောင် ခွေ များ အ ဖို့၌ ရှား သား ကန့် လန့် ကျင် များ ကို ဝဲ ယာ ဘေး တစ် ဘက် တစ် ချက် ငါး ချောင်း စီ နှင့် အ နောက် မျက် နှာ ဘေး အ ဖို့ လည်း ငါး ချောင်း ကို လုပ် လော့။

28 ၎င်း ကန့် လန့် ကျင် များ အ နက် ဘောင် ခွေ အ လယ် ရှိ တစ် ချောင်း သည် အ စွန်း နှစ် ဘက် ကို မှီ ရ မည်။

29 ဘောင် ခွေ များ ကို ရွှေ နှင့် မွမ်း မံ လျက် ကန့် လန့် ကျင် ပေါက် ဖြစ် စေ ခြင်း ငှါ ရွှေ ကွင်း များ ကို လုပ်၍ ကန့် လန့် ကျင် များ ကို လည်း ရွှေ နှင့် မွမ်း မံ လော့။

30 တောင် ပေါ် မှာ သင့် အား နည်း ပြ သည့် အ တိုင်း စံ ရာ တော် ကို စိုက် ထူ လော့။

31 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ခတ် တတ် သော ခေ ရု ဗ ရုပ် ပုံ ပါ ကန့် လန့် ကာ ကို ရက် လုပ် ပြီး လျှင်၊

32 ငွေ အောက် ခံ ခုံ လေး ခု တွင် စွပ် ထား သော ရွှေ မွမ်း ရှား တိုင် လေး လုံး ထိပ်၊ ရွှေ မှို၌ ဆွဲ ထား လော့။

33 ကန့် လန့် ကာ ကို အ ထက် ချိတ် များ အောက် ထို သို့ ဆွဲ ထား ပြီး လျှင် ကန့် လန့် ကာ အ တွင်း သို့ သက် သေ တော် သေ တ္တာ ကို သွင်း ထား လော့။ သန့် ရှင်း ရာ ဌာ န တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် ကို ၎င်း ကန့် လန့် ကာ အ ပိုင်း အ ခြား ဖြစ် စေ လော့။

34 အ ထူး သန့် ရှင်း ရာ ဌာ န တော်၌ သက် သေ တော် သေ တ္တာ အ ပေါ် မှာ အ ပြစ် ဖြေ ရာ ပလ္လင် တော် ကို တင် ထား လော့။

35 ကန့် လန့် ကာ ပြင် စံ ရာ တော် မြောက် ဘက်၌ စား ပွဲ တော် ကို လည်း ကောင်း တောင် ဘက်၌ မီး ခုံ တော် ကို လည်း ကောင်း တူ ရူ ထား လော့။

36 တဲ တော် မုတ် ဝ ပိတ် ရန် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး သော ကန့် လန့် ကာ ကို ရက် လုပ် လော့။

37 ထို ကန့် လန့် ကာ အ ဖို့ ရွှေ မှို များ ပါ သော ရှား တိုင် ငါး လုံး ကို လုပ်၍ ရွှေ နှင့် မွမ်း မံ လော့။ ကြေး အောက် ခံ ခုံ ငါးခု ကို လည်း သွန်း လုပ် လော့။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ