ထွက်မြောက် 26:31 - Common Language Bible31 ``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible31 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ခတ် တတ် သော ခေ ရု ဗ ရုပ် ပုံ ပါ ကန့် လန့် ကာ ကို ရက် လုပ် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible31 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။ အခန်းကိုကြည့်ပါ။ |
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။