တရားဟော 29:20 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ထာ ဝ ရ ဘု ရား သည်၊ ထို သို့ သော သူ့ အား ချမ်း သာ ပေး လို သော သ ဘော တော် ကင်း လျက်၊ မ ရှု ဆိတ် ခြင်း နှင့် ဒေါ သ မီး တောက် သ ဖြင့်၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ အ မင်္ဂ လာ ကို သင့် စေ လျက်၊ ကောင်း ကင် အောက် မှ အ မည် ပါ ချေ ဖျောက် တော် မူ မည့် ပြင်၊
အခန်းကိုကြည့်ပါ။
ထိုသူကို ထာဝရဘုရား နှမြောတော်မမူ။ အပြစ်ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ရေးထားသော အမင်္ဂလာရှိသမျှတို့သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
အခန်းကိုကြည့်ပါ။