Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 27:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သွေ့ ခြောက် ကျိုး ပြတ် သော အ ကိုင်း အ ခက် များ ကို၊ မိန်း မ တို့ ခွေ ယူ၍ မီး ဆိုက် ကြ၏။ အ သို့ ဆို သော်၊ ဉာဏ် ကင်း သော လူ မျိုး ဖြစ် သည် နှင့်၊ ဖန် ဆင်း ပြု ပြင် သော အ ရှင် သည်၊ သ နား ညှာ တာ ခြင်း ပြု တော် မ မူ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 27:11
39 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​အပေါ်​အမျက်ထွက်​၍ မိမိ​၏​အမွေ​တော်​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။


နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။


စပျစ်ပင်​သည် အပွင့်​ပွင့်​ပြီး အပွင့်​မှ ရင့်မှည့်​သော​စပျစ်သီး​သီး​လာ​၍ ဆွတ်ခူး​ချိန်​မရောက်မီမှာ​ပင် အညွန့်​များ​ကို တံစဉ်​ဖြင့်​ဖြတ်​၍ အခက်အလက်​များ​ကို​လည်း ခုတ်ဖြတ်​ဖယ်ရှား​ပစ်​မည်​။


အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။


သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။


သင့်​ကို​ဖန်ဆင်း​သော​အရှင်​၊ သင့်​ကို ဝမ်း​ထဲကပင်​ပုံဖော်ဖန်ဆင်း​တော်မူ​၍ သင့်​ကို​ကူညီမစ​သော​ထာဝရဘုရား​က “​ငါ့​အစေအပါး ယာကုပ်​၊ ငါ​ရွေးချယ်​သော​ယေရှုရုန်​၊ မ​ကြောက်​နှင့်​။


သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။


ငါ​၏​လူမျိုး​တော်​သည် ထိုသို့ အသိပညာ​မဲ့​သဖြင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်သရေ​ရှိ​သော​သူ​တို့​သည် ငတ်မွတ်​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ လူအလုံးအရင်း​သည် ရေငတ်​၍ သေ​ကြ​ရ​လိမ့်မည်​။


သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


ထာဝရဘုရား​က သင့်​အား စိမ်းလန်း​လှပ​၍ အသီး​ကောင်း​သော​သံလွင်ပင်​ဟု နာမည်​မှည့်ခေါ်​ခဲ့​၏​။ သို့သော် ကြီးမား​သော​မြည်ဟိန်းသံ​ဖြင့် မီး​ရှို့​ပစ်​၍ အကိုင်းအခက်​တို့​သည်​လည်း လောင်ကျွမ်း​သွား​လိမ့်မည်​။


သူ​တို့​အချင်းချင်း​ကို​သာမက သား​အဖ​ချင်း​ကို​ပင် ကွဲပြား​စေ​မည်​။ မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ သူ​တို့​ကို​ဖျက်ဆီး​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။


ထာဝရဘုရား​က “​ငါ​သည် ဤ​လူမျိုး​တို့​ထံ​မှ ငါ​၏​ငြိမ်သက်​ခြင်း​၊ မေတ္တာကရုဏာ​၊ သနားစုံမက်​ခြင်း​တို့​ကို ရုပ်သိမ်း​ပြီ​။ သို့ဖြစ်၍ အသုဘ​အိမ်​ကို မ​ဝင်​နှင့်​။ သွား​၍​ငိုကြွေးမြည်တမ်း​ခြင်း​၊ နှစ်သိမ့်​ခြင်း မ​ပြု​နှင့်​”​ဟု မိန့်​တော်မူ​၏​။


ငြိမ်းချမ်း​သာယာ​သော​နေထိုင်​ရာ​အရပ်​တို့​သည် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် ပျက်စီး​လေ​ပြီ​။


“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”


“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။


သို့သော် ထို​စပျစ်ပင်​သည် ဒေါသတကြီး ဆွဲနုတ်​ခံရ​၏​။ မြေ​ပေါ်၌ ပစ်ထား​ခံရ​၏​။ အရှေ့​လေတိုက်​သောအခါ သူ​၏​အသီး​တို့​သည် ခြောက်သွေ့​ကုန်​၏​။ သန်မာ​သော​အကိုင်းအခက်​တို့​သည် ကျိုးပဲ့​၍​ခြောက်​သွား​ပြီး မီးရှို့​ခံရ​လေ​၏​။


တောင်ဘက်​ရှိ​တောအုပ်​အား ‘ထာဝရဘုရား​၏​စကား​ကို နားထောင်​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင့်​ကို မီးရှို့​သဖြင့် သင်​၌​ရှိ​သော​စိမ်းလန်း​သော​အပင်​၊ ခြောက်သွေ့​သော​အပင် ရှိသမျှ​တို့​ကို မီးလောင်ကျွမ်း​လိမ့်မည်​။ တောက်လောင်​သော​မီး​သည် မ​ငြိမ်း​ဘဲ တောင်ဘက်​မှ မြောက်ဘက်​တိုင်အောင် မြေ​တစ်ပြင်လုံး​ကို လောင်​လိမ့်မည်​။


ထို့ကြောင့် ငါ​သည် သူ​တို့​ကို သနား​ညှာတာ​မည်​မ​ဟုတ်​။ သူ​တို့​ပြုမူကျင့်ကြံ​ခဲ့​သည်​တို့​ကို သူ​တို့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။


မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။


ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။


တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။


လိုက်နာ​စောင့်ထိန်း​ကြ​လော့​။ သို့ပြုလျှင် ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​ကို​ကြားသိ​သော​လူမျိုး​ရှေ့​၌ သင်​တို့​သည်​ဉာဏ်ပညာ​ရှိ​သူ​၊ အမြော်အမြင်​ရှိ​သူ​ဟု ထင်ရှား​လိမ့်မည်​။ သူ​တို့​က​လည်း ‘​အကယ်စင်စစ် ဤ​လူမျိုး​သည် ပညာရှိ​သော​၊ အမြော်အမြင်​ရှိ​သော​လူမျိုး​ကြီး​ဖြစ်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။


လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ