တရားဟော 29:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားသည် သူ့ကို အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ သီးခြားခွဲထား၍ ဤပညတ်တရားကျမ်း၌ရေးသားထားသောပဋိညာဉ်ထဲမှကျိန်ခြင်းရှိသမျှတို့နှင့်အညီ သူ့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible21 ဤ ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် တော် ဆိုင် ရာ အ မင်္ဂ လာ အ ချက် ချက် အ ရ၊ ထို သူ့ ကို ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နှင့် ခွဲ ခြား၍၊ ဘေး သင့် စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနုတ်၍ အပြစ်ပေးဖို့ရာ ခွဲထားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။