Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ငါ​သည် သူ​တို့​ကို သနား​ညှာတာ​မည်​မ​ဟုတ်​။ သူ​တို့​ပြုမူကျင့်ကြံ​ခဲ့​သည်​တို့​ကို သူ​တို့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​ကို​သ​နား​မည် မ​ဟုတ်။ ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ ထို​သူ တို့​သူ​တစ်​ပါး​အား​ပြု​ကြ​သည်​အ​တိုင်း သူ​တို့​အား​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ လည်း သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ချင်း တို့ အ လေ့ အ လာ ကို ဆပ် ပေး မည် ဟု မိန့် တော် မူ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 9:10
25 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။


ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။


သူ​တို့​သည် လူငယ်​တို့​ကို လေး​ဖြင့်​ဖြိုခွင်း​ကြ​လိမ့်မည်​။ ရင်သွေးငယ်​တို့​ကို မ​သနား​။ ကလေးငယ်​တို့​အပေါ် ညှာတာ​သော​အကြည့်​မ​ရှိ​။


ကြည့်ရှု​လော့​။ ထို​အရာ​တို့​ကို ငါ့​ရှေ့မှောက်​တွင်​ရေးမှတ်​ထား​ပြီ​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ပြန်ပေးဆပ်​စေ​မည်​။ သူ​တို့​ကို အပြည့်အဝ ပြန်ပေးဆပ်​စေ​မည်​။


သူ​၏​ရန်သူ​တို့​သည် သူ့​သခင်​ဖြစ်​လျက် ကောင်းစား​ကြ​လေ​ပြီ​။ သူ​ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့် ထာဝရဘုရား​သည် သူ့​ကို ဝမ်းနည်းကြေကွဲ​စေ​တော်မူ​ပြီ​။ သူ​၏​သားသမီး​တို့​ကို သုံ့ပန်း​အဖြစ် ရန်သူ​တို့​ခေါ်သွား​လေ​ပြီ​။


သို့သော် စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​နောက်​သို့​လိုက်​လို​သော စိတ်ဆန္ဒ​ပြင်းပြ​သော​သူ​တို့​ကို​မူ သူ​တို့​ပြုကျင့်​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့​ပြန်ရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​လေ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ငယ်ဘဝ​ကို မေ့​ထား​ပြီး ညစ်ညမ်း​သော​အမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ပြု​ခြင်း​ဖြင့် ငါ့​ကို​ဒေါသထွက်​စေ​သောကြောင့် သင်​ပြု​ခဲ့​သမျှ​တို့​ကို သင့်​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ ထို​အမှု​အပေါင်း​တို့​ကို သင်​မ​ပြု​တော့​နှင့်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ငါ​နှင့်​ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​၍ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို​ချိုးဖောက်​သော​အပြစ်​အတွက် အမှန်ပင် သူ့​ခေါင်း​ပေါ်သို့​ရောက်​စေ​မည်​။


ထို့ကြောင့် ငါ့​အမျက်​ဒေါသ​ကို သူ​တို့​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​မီး​ဖြင့် သူ​တို့​ကို လောင်ကျွမ်း​စေ​မည်​။ သူ​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​၏​။


သူ​တို့​သည် သင်​ပြု​ခဲ့​သော​ညစ်ညမ်းမှု​အပြစ်​ကို ပြန်​ခံ​စေ​မည်။ ရုပ်တု​နောက်​လိုက်​သည့်​အပြစ်​တို့​ကို သင်​ပြန်​ခံရ​မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။ ထိုသို့​ပြု​ရ​မည့်​နေ့ ရောက်လာ​ပြီ​။ ငါ့​စိတ်​ကို ငါ​မ​ချုပ်တည်း​၊ မ​သနား​၊ စိတ်​မ​ပြောင်းလဲ​ဘဲ သင့်​အပြုအမူ​၊ အကျင့်အကြံ​အတိုင်း သင့်​ကို​စီရင်​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ငါ​မြင်​ရ​သော​ဗျာဒိတ်အာရုံ​သည် ဘုရားသခင်​က မြို့​ကို​လာ​ဖျက်ဆီး​မည်​ဟု မိန့်ဆို​ခဲ့​စဉ်က မြင်​ခဲ့​ရ​သော ဗျာဒိတ်အာရုံ​နှင့်​တူ​၏​။ ထို​ဗျာဒိတ်အာရုံ​သည် ခေဗာ​မြစ်​နား​၌ ငါ​မြင်​ခဲ့​သော နိမိတ်အာရုံ​နှင့်​လည်း​တူ​၏​။ ထိုအခါ ငါ​ပျပ်ဝပ်​လေ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် သင်​ပြု​သော စက်ဆုပ်​ရွံရှာဖွယ်​အမှု​အပေါင်း​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ပြီ​ဖြစ်၍ ငါ​အသက်ရှင်​သည်​နှင့်အညီ သင့်​ကို မ​သနား​၊ မ​ညှာတာ​ဘဲ သုတ်သင်​ပစ်​မည်​။


ယခုမှာ သင့်​နိဂုံးချုပ်​ချိန်​သည် သင့်​ထံ​ရောက်လာ​ပြီ​။ သင့်​ထံသို့ ငါ့​အမျက်​ကို လွှတ်လိုက်​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို​စီရင်​မည်​။ သင်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။


သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် သူ​တို့​ကို အမျက်ဒေါသ​ဖြင့် စီရင်​မည်​။ သနားညှာတာ​မည်​မ​ဟုတ်​။ ငါ့​ထံ သူ​တို့​အသံကုန်​အော်ဟစ်​တောင်းလျှောက်​လျှင်​လည်း ငါ​နားထောင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။


အခြားသူ​တို့​ကို​လည်း “​သူ့​နောက်သို့​လိုက်​၍ မြို့​လယ်ခေါင်​မှ လူ​တို့​ကို​သတ်​လော့​။ သူ​တို့​ကို လုံးဝ​မ​သနား​နှင့်​၊ မ​ညှာတာ​နှင့်​။


စစ်ကြော​ရာ​နေ့ ရောက်လာ​ပြီ​။ ဒဏ်ပေး​ရာ​နေ့ ရောက်လာ​ပြီ​။ ဤ​အကြောင်း​ကို အစ္စရေး​အား သိ​စေ​လော့​။ သင်​တို့​သည် အပြစ်​ကြီး​ပြီး မုန်းတီးစိတ်​ပြင်းထန်​လွန်း​သောကြောင့် ပရောဖက်​တို့​လည်း ဆိုးမိုက်​ရ​လေ​ပြီ​။ ဝိညာဉ်​လူ​တို့​လည်း ရူးသွပ်​ရ​လေ​ပြီ​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


တစ်ဖန် ထာဝရဘုရား​က “​ဤ​ပြည်​ရှိ ပြည်သူပြည်သား​တို့​ကို ငါ​သနား​တော့​မည်​မ​ဟုတ်​။ ကြည့်ရှု​လော့​။ လူ​အသီးသီး​တို့​ကို သူ​တို့​၏​အိမ်နီးချင်း​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​လက်​သို့​လည်းကောင်း ငါ​အပ်​မည်​။ ထို​သူ​တို့​သည် ဤ​ပြည်​ကို​ချေမှုန်းတိုက်ဖျက်​ကြ​မည်​ဖြစ်​သော်လည်း ထို​သူ​တို့​လက်​မှ ငါ​ကယ်တင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


လင်းလက်​သော​ငါ့​ဓား​ကို ငါ​သွေး​မည်​။ ထို​ဓား​ကို​ကိုင်​၍ တရားစီရင်​မည်​။ ငါ့​ကို​ရန်ပြုသောသူ​တို့​ကို​လက်စားချေ​မည်​။ ငါ့​ကို​မုန်းတီး​သော​သူ​တို့​ကို လက်တုံ့ပြန်​မည်​။


အကြောင်းမူကား “လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​သည် မိမိ​လူမျိုး​တို့​ကို တရား​စီရင်​တော်မူ​မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ