ယေဇကျေလ 23:25 - မြန်မာ့စံမီသမ္မာကျမ်း25 သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။ အခန်းကိုကြည့်ပါ။Common Language Bible25 ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ငါ လည်း၊ ရှု စိတ် တော် မ မူ ခြင်း ကို၊ သင့် ဆန့် ကျင် ဘက် ထား သည့် အ လျောက်၊ အ မျက် နှင့် စီ ရင် သော ထို သူ တို့ သည်၊ နှာ ခေါင်း၊ နား ရွက် ဖြတ် ခြင်း၊ သား သ မီး တို့ ကို သုံ့ ဖမ်း ခြင်း၊ အ ကြွင်း အ ကျန် တို့ ကို ဓား ဖြင့် ဆုံး စေ၍၊ မီး ဖြင့် ကုန် စေ ခြင်း များ ကို ပြု လျက်၊ အခန်းကိုကြည့်ပါ။Judson Bible25 သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍ သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကိုဖြတ်၍ အကျန်အကြွင်းကို ဓားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။