ဆာလံ 69:28 - မြန်မာ့စံမီသမ္မာကျမ်း28 သူတို့သည် အသက်စာစောင်မှ ပယ်ဖျက်ခြင်းခံရ၍ ဖြောင့်မတ်သောသူတို့ထဲတွင် စာရင်းဝင်ခြင်းမရှိပါစေနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible28 သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။ အခန်းကိုကြည့်ပါ။Garrad Bible28 အ သက် စာ ရင်း၌၊ သူ တို့ အ မည် များ ကို ချေ၍၊ ဖြောင့် မတ် သူ တို့ နှင့် အ တူ စာ ရင်း ဝင် ခွင့် မ ရ ကြ ပါ စေ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible28 အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကိုချေ၍၊ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမမှတ်ပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။