ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
တရားဟော 28:1 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့ထက် သင့်ကိုချီးမြှင့်တော်မူမည်။ Common Language Bible သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။- Garrad Bible သင် တို့ သည် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို စောင့် ရှောက် လိုက် နာ ကြ လျှင်၊ မြေ ပေါ် ရှိ လူ မျိုး တ ကာ ထက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ချီး မြှင့် တော် မူ လိမ့် မည်။ Judson Bible ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်၏။ ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာသောသူ အပေါင်းတို့သည် ကောင်းသောဉာဏ်စွမ်းကိုရရှိကြ၏။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ထာဝရတည်၏။
ထို့ကြောင့် ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် အကုန်အစင်ဖြောင့်မှန်သည်ဟု အကျွန်ုပ်မှတ်ယူလျက် မှားယွင်းသောလမ်းရှိသမျှတို့ကို မုန်းပါ၏။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
ထာဝရဘုရားက “ဗာလဘုရားကို တိုင်တည်ကျိန်ဆိုရန် ငါ့လူမျိုးကို သူတို့သင်ကြားပေးသကဲ့သို့ ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ငါ့နာမကိုတိုင်တည်ကျိန်ဆို၍ ငါ့လူမျိုး၏နည်းလမ်းကို သူတို့ကြိုးစားသင်ယူမည်ဆိုလျှင် သူတို့ကို ငါ့လူမျိုးထဲတွင် တည်နေခွင့်ပြုမည်။
တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင်
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
“ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။
ယနေ့ ငါဆင့်ဆိုသောသင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင် ကောင်းချီးမင်္ဂလာဖြစ်မည်။
သို့သော် သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့ သင့်အား ငါမှာကြားသော ဤပညတ်တော်ရှိသမျှကို လိုက်နာစောင့်ထိန်းမှသာ ထိုကောင်းချီးများကိုရရှိမည်။
ထာဝရဘုရားသည်လည်း သင့်အားကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းသည့် မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးဖြစ်ရမည်ဟု ယနေ့ ဝန်ခံတော်မူပြီ။
မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။
ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်။ သင်သည် အောက်၌မနေရဘဲ ထိပ်ဆုံး၌ နေရလိမ့်မည်။ ယနေ့ သင့်အားငါမိန့်မှာသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို နားထောင်၍ လိုက်နာစောင့်ထိန်းလျှင်၊