Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 23:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဝတ်ပြု​ရ​မည်​။ ကိုယ်တော်​သည်​လည်း သင်​၏​မုန့်​နှင့်​ရေ​ကို ကောင်းချီးပေး​တော်မူ​၍ သင့်​အထဲ​မှ အနာရောဂါ​ကို ဖယ်ရှား​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု၍ သင့် စား ဖွယ် သောက် ရာ ကို ကောင်း ကြီး ပေး တော် မူ မည်။ အ နာ ရော ဂါ ကို လည်း သင် တို့ ဘောင် မှ ငါ ဖယ် တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 23:25
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သင်​၏​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​၍ သင်​၏​အနာရောဂါ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏​။


ထာဝရဘုရား​က “​သင်​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ မျက်မှောက်​တော်​၌ ဖြောင့်မှန်​စွာ​ပြုမူ​လျှင်​လည်းကောင်း​၊ ပညတ်တော်​တို့​ကို​စူးစိုက်​နားထောင်​၍ ပြဋ္ဌာန်း​တော်မူ​ချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​လည်းကောင်း ငါ​သည် အီဂျစ်​လူမျိုး​တို့​အပေါ်​သို့​ကျရောက်​စေ​ခဲ့​သော​အနာရောဂါ​တစ်စုံတစ်ခု​မျှ သင့်​အပေါ်​သို့ ကျရောက်​စေ​မည်​မ​ဟုတ်​။ အကြောင်းမှာ ငါ​ထာဝရဘုရား​သည် သင်​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​သော​အရှင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ထို​သူ​သည် မိမိ​အသက်တာ​၏​နေ့ရက်​များ​ကို လွန်ကဲ​စွာ​အောက်မေ့​ခြင်း​မ​ရှိ​။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် သူ​၏​စိတ်နှလုံး​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်ဝ​စေ​တော်မူ​၏​။


ထို​သူ​သည် မြင့်ရာအရပ်​၌ နေ​ရ​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တောင်​၌ ခိုလှုံ​ရ​၍ သူ့​အား အစားအစာ​ပေး​ကြ​၏​။ သူ​၌ သောက်ရေ​မပြတ်​။


မြို့သူမြို့သား​တစ်​ဦး​မျှ “​ငါ​ဖျားနာ​၏​”​ဟု ပြော​မည်​မ​ဟုတ်​။ ထို​မြို့​၌ နေထိုင်​သော​လူ​တို့​သည် အပြစ်​လွတ်ခွင့်​ရ​ကြ​လိမ့်မည်​။


ထို​အရိုး​တို့​သည် သူ​တို့​ချစ်​၍​အစေခံ​သော​၊ သူ​တို့​လိုက်စား​သော​၊ သူ​တို့​ဆည်းကပ်​ကိုးကွယ်​သော​အရာ​များ​ဖြစ်​သည့် နေ​၊ လ စသော ကောင်းကင်​တန်ဆာ​အားလုံး​တို့​အောက်​၌ ဖြန့်ထား​ခြင်း​ခံရ​လိမ့်မည်​။ စုသိမ်း​သင်္ဂြိုဟ်​ခြင်း ခံရ​မည်​မ​ဟုတ်​။ မြေပြင်​ပေါ်တွင် နောက်ချေး​ကဲ့သို့​ဖြစ်​သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ဆယ်​ရက်​စေ့​သောအခါ သူ​တို့​၏​ရုပ်ဆင်းသွင်ပြင်​သည် ဘုရင့်​အစားအစာ​ကို​စား​သော​အခြား​လူငယ်​တို့​ထက် ပို၍​ကျန်းမာ​ကြံ့ခိုင်​သည်​ကို တွေ့​ရ​၏​။


ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ မြေ​ပေါ်မှာ​တွားသွား​သော မည်သည့်​သတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။


သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​၍ ငါ​၏​ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင်


ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ယေရှု​က​လည်း“အချင်း​စာတန်၊ ထွက်သွား​လော့။ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။


အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​။ ဝတ်ပြု​ရ​မည်​။ ဆည်းကပ်​ရ​မည်​။ နာမ​တော်​ကို​တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။


သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ရ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​ကို​စောင့်ထိန်း​ရ​မည်​။ စကား​တော်​ကို​နားထောင်​ရ​မည်​။ ကိုယ်တော်​ကို​ဝတ်ပြု​၍ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​။ ထို​အရှင်​ကို​သာ ဝတ်ပြု​ရ​မည်​။ ထို​အရှင်​၏​နာမ​တော်​ကို တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။


ကိုယ်တော်​သည် သင့်​ကို​ချစ်​မည်​။ ကောင်းချီးပေး​မည်​။ တိုးပွား​စေ​မည်​။ ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​မှစ၍ မြေထွက်​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။


ထာဝရဘုရား​သည် အနာရောဂါ​ရှိသမျှ​တို့​ကို သင့်​ထံမှ ဖယ်ရှား​ပေး​တော်မူ​မည်​။ သင်​သိ​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဆိုးရွား​သော​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်​မ​မူ​ဘဲ သင့်​ကို​မုန်း​သော​သူ​အပေါင်း​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ရ​မည်​၊ တရားလမ်း​တော်​ရှိသမျှ​အတိုင်း​လိုက်လျှောက်​ရ​မည်​၊ ပညတ်တော်​များ​ကို​စောင့်ထိန်း​ရ​မည်​၊ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​၊ သင်​တို့​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​ရ​မည်​ဟူ၍ သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​မိန့်မှာ​ထား​သည့် ပညတ်တော်​၊ တရားတော်​တို့​ကို​စောင့်ထိန်း​မည့်​အကြောင်း အထူး​သတိပြု​ကြ​လော့​”​ဟု မှာကြား​လေ​၏​။


လူ​တို့​က​လည်း ယောရှု​အား “​မ​ဟုတ်​ပါ​။ ထာဝရဘုရား​ကို​သာ အကျွန်ုပ်​တို့ ဝတ်ပြု​ပါ​မည်​”​ဟု ပြန်ပြော​ကြ​၏​။


လူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ပါ​မည်​။ ကိုယ်တော်​၏​စကား​ကို​သာ နားထောင်​ပါ​မည်​”​ဟု ယောရှု​အား ပြန်ပြော​ကြ​၏​။


ရှမွေလ​က​လည်း လူ​တို့​အား “​သင်​တို့​မ​ကြောက်​ကြ​ပါ​နှင့်​။ ဤ​မကောင်းမှု​အလုံးစုံ​ကို ပြု​မိ​ခဲ့​ကြ​သော်လည်း ယခုမှာ ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ခြင်း​မှ မ​လွှဲသွား​ကြ​ပါ​နှင့်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​ပါ​လော့​။


ထာဝရဘုရား​သည် သင်​တို့​အဖို့ မည်မျှ​ကြီးမား​သော​အမှု​ပြု​တော်မူ​သည်​ကို ဆင်ခြင်​၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​လော့​။ သစ္စာရှိ​လျက် ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​လော့​။


ထိုအခါ ရှမွေလ​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့ ထာဝရဘုရား​ထံ​တော်​သို့​ပြန်လာ​လို​လျှင် သင်​တို့​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​ရ​မည်​။ ထာဝရဘုရား​ထံ၌​သာ စိတ်အာရုံပြု​၍ ကိုယ်တော်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်​။ သို့ပြုလျှင် သင်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ