တရားဟော 26:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရားသည်လည်း သင့်အားကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းသည့် မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးဖြစ်ရမည်ဟု ယနေ့ ဝန်ခံတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible18 ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible18-19 ထာ ဝ ရ ဘု ရား က လည်း၊ သင် တို့ သည်၊ က တိ တော် အ တိုင်း ပ ညတ် တော် ဟူ သ မျှ ကို စောင့် ရှောက် ရ သော ပိုင် ဆိုင် ရာ လူ မျိုး တော် ဖြစ် ကြောင်း ကိုလည်း ကောင်း၊ ချီး မွမ်း ရာ၊ ကျော် စော ရာ၊ ဂုဏ် တင် ရာ အ ဖြစ် ဖြင့် ဖန် ဆင်း သော လူ မျိုး တ ကာ ထက် ချီး မြှင့် တော် မူ မည့် အ ကြောင်း ကိုလည်း ကောင်း၊ က တိ တော် အ တိုင်း သင် တို့ ဘု ရား သခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော လူ မျိုး ဖြစ် ကြောင်း ကိုလည်း ကောင်း၊ ယ နေ့ ဝန် ခံ တော် မူ ပြီ ဟု မော ရှေ ဆင့် ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထာဝရဘုရားသည်လည်း ကတိထားတော်မူသမျှအတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။