ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
တောလည် 35:20 - မြန်မာ့စံမီသမ္မာကျမ်း မုန်းတီးစိတ်ကြောင့် လူကိုတွန်းချ၍ဖြစ်စေ၊ ချောင်းမြောင်းလျက် တစ်စုံတစ်ရာဖြင့် လူကိုပစ်၍ဖြစ်စေ ထိုလူသေသွားလျှင်လည်းကောင်း၊ Common Language Bible ``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊- Garrad Bible မုန်း ထား လျက် တွန်း ထိုး ၍ သော် လည်း ကောင်း၊ ချောင်း မြောင်း လျက် ပစ် ခတ်၍ သော် လည်း ကောင်း၊ ရန် မူ လျက် လက် သီး နှင့် ထိုး ၍ သော် လည်း ကောင်း အ သေ သတ် လျှင် လူ သတ် မှု မြောက် သည့် အ တိုင်း မု ချ သေ ဒဏ် ခံ စေ။ သေ စား သေ စေ သူ သည် လူ သတ် ကို တွေ့ ရာ တွင် သတ် စေ။ Judson Bible သူတစ်ပါးကို အငြိုးထား၍တွန်းချသော်လည်းကောင်း၊ သေစေခြင်းငှာ ချောင်းမြောင်း၍ တစ်စုံတစ်ခုနှင့်ပစ်သော်လည်းကောင်း၊ |
ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။
အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ကြည့်ရှုလော့။ ဆိုးယုတ်သောသူတို့သည် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို မှောင်ကြီးမည်းကြီးထဲမှပစ်ခတ်ရန် လေးကြိုးပေါ်တွင် မြားကိုတင်၍ ချိန်ရွယ်ထားကြပြီ။
တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
အမုန်းထားသောသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်ပြောဆိုသော်လည်း သူ၏စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားသောသဘောကို ဆောင်ထားတတ်၏။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
ရန်ငြိုးထား၍ လက်သီးနှင့်ထိုးသဖြင့် လူသေသွားလျှင်လည်းကောင်း ထိုသို့ပြုသောသူသည် မုချအသတ်ခံရမည်။ ထိုသူသည် လူသတ်သောသူဖြစ်၏။ သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကို တွေ့လျှင် သတ်ရမည်။
ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။
ထိုပြည်၌ သုံးလနေပြီးနောက် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်သွားရန် ဆုံးဖြတ်လေ၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို မုန်းသောကြောင့် သူ့ကိုချောင်းမြောင်းတိုက်ခိုက်၍ အသေသတ်ပြီး ထိုမြို့တစ်မြို့မြို့သို့ ထွက်ပြေးသွားသော်
ရှောလုမင်းကြီးကလည်း “သင်တို့သည် ဒါဝိဒ်အား ‘ရှင်ဘုရင်၏ရန်သူဖြစ်သော ဖိလိတ္တိလူမျိုးတို့ကို လက်တုံ့ပြန်ရန် သူတို့၏ထိပ်ဖုံးအရေပြားတစ်ရာမှတစ်ပါး မည်သည့်မင်္ဂလာကြေးကိုမျှ ရှင်ဘုရင် အလိုမရှိပါ’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ ရှောလုမင်းကြီး၏အကြံမှာ ဖိလိတ္တိလူမျိုးတို့လက်ဖြင့် ဒါဝိဒ် ကျဆုံးစေရန် ဖြစ်၏။
ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။