Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 11:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ကြည့်ရှု​လော့​။ ဆိုးယုတ်​သော​သူ​တို့​သည် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို မှောင်ကြီးမည်းကြီး​ထဲမှ​ပစ်ခတ်​ရန် လေးကြိုး​ပေါ်တွင် မြား​ကို​တင်​၍ ချိန်ရွယ်​ထား​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 လူ ဆိုး တို့ သည်၊ သ ဘော ဖြောင့် သူ တို့ ကို၊ မှောင် ခို လျက် ခွင်း ပစ် ခြင်း ငှာ၊ လေး ညှို့ တင်၍ တပ် ပြီး မြှား ဖြင့် ရွယ် ကြ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 11:2
18 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။ သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။


အို ထာဝရဘုရား​၊ သူတော်ကောင်း​နှင့် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကောင်းစား​စေ​တော်မူ​ပါ​။


အကျွန်ုပ်​၏​အတွင်း​ဝိညာဉ်​ညှိုးငယ်​သောအခါ ကိုယ်တော်​သာလျှင် အကျွန်ုပ်​၏​လမ်း​ကို​သိ​တော်မူ​၏​။ လူ​တို့​သည် အကျွန်ုပ်​လျှောက်​သော​လမ်း​၌ အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက် သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌​ဝမ်းမြောက်​၍​ရွှင်လန်း​ကြ​လော့​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​၊ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။


ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊ ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။


ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။


စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။


သူ​သည် နောင်တ​မ​ရ​လျှင် ကိုယ်တော်​သည် ဓား​တော်​ကို​သွေး​ထား​လိမ့်မည်​။ လေး​တော်​ကို​တင်​၍ ချိန်ရွယ်​ထား​လိမ့်မည်​။


အကယ်စင်စစ် တရားစီရင်​ခြင်း​သည် ဖြောင့်မတ်​ခြင်း​ထံသို့ ပြန်လှည့်​လာ​၍ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည် ၎င်း​၏​နောက်​သို့​လိုက်​ကြ​လိမ့်မည်​။


အလင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အပေါ်​၌​လည်းကောင်း​၊ ဝမ်းမြောက်​ခြင်း​သည် စိတ်နှလုံး​ဖြောင့်မှန်​သော သူ​တို့​အပေါ်​၌​လည်းကောင်း ဖြာကျ​လျက်​ရှိ​၏​။


“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။


ရှောလု​မင်းကြီး​က “​ငါ့​သမီး​ကို သူ​နှင့်​ပေးစား​မည်​။ သူ​သည် ဒါဝိဒ်​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​၍ ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု အကောက်ကြံ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ယခုမှာ သင်​သည် ငါ့​သမက် ဖြစ်​ရ​တော့​မည်​”​ဟု ဒုတိယအကြိမ် ပြောပြန်​၏​။


ရှောလု​မင်းကြီး မကောင်း​ကြံစည်​နေ​သည်​ကို ဒါဝိဒ်​သိ​လျှင် ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ်​ကို ယူ​ခဲ့​ပါ​”​ဟု မှာလိုက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ