Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​ပြည်​၌ သုံး​လ​နေ​ပြီးနောက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သဖြင့် မာကေဒေါနိ​ပြည်​ကို​ဖြတ်​၍ ပြန်သွား​ရန် ဆုံးဖြတ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဂ ရိတ် ပြည် သို့ သွား ရောက်၍ သုံး လ ကြာ မှ ရှု ရိ ပြည် သို့ သင်္ဘော စီး မည့် အ ခိုက် အ သက် အ န္တ ရာယ် ကို ယု ဒ လူ မျိုး တို့ ရှာ ကြံ ကြ သ ဖြင့် မာ ကေ ဒေါ နိ ပြည် ကို ဖြတ်၍ ပြန် မည် ပြ ဋ္ဌာန်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​မြို့​တွင် သုံးလခန့်​နေထိုင်​၍ ဆီးရီးယားပြည်​သို့ ရွက်လွှင့်​ရန် ပြင်ဆင်​နေစဉ် ဂျူးလူမျိုးတို့​က မိမိ​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်နေကြ​ကြောင်း​ကို ပေါလု​ကြားသိရ၏။ ထို့ကြောင့် ပေါလု​သည် မာကေဒေါနိပြည်​ကို​ဖြတ်​၍ လှည့်ပြန်သွား​ရန် ဆုံးဖြတ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:3
19 ပူးပေါင်းရင်းမြစ်များ  

ပထမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​နေ့​တွင် ငါ​တို့​သည် အဟာဝ​မြစ်​မှ​ထွက်ခွာ​၍ ဂျေရုဆလင်​မြို့​သို့ သွား​ကြ​၏​။ ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ပါရှိ​၍ လမ်း​တစ်လျှောက်လုံး​တွင် ရန်သူ​များ​၊ ချောင်းမြောင်း​နေ​သူ​များ​၏​ရန်​မှ ကွယ်ကာ​ပေး​၏​။


အကယ်၍ သူ​တို့​က “​ငါ​တို့​နှင့်အတူ​လိုက်​ခဲ့​လော့​။ တစ်စုံတစ်ယောက်​ကို​သတ်ဖြတ်​ရန် ငါ​တို့​ချောင်းမြောင်း​ကြ​စို့​။ အကြောင်းမရှိ​ဘဲ အပြစ်ကင်း​သော​သူ​ကို ပုန်းအောင်း​တိုက်ခိုက်​ကြ​စို့​။


‘ငါ့​လူမျိုး​တော်​တွင် ဆိုးယုတ်​သော​သူ​များ​ကို တွေ့​ရ​၏​။ သူ​တို့​သည် ဝပ်​လျက်​ချောင်းမြောင်း​နေ​သော​ငှက်မုဆိုး​ကဲ့သို့ ချောင်းမြောင်း​တတ်​ကြ​၏​။ လူ​တို့​ကို​ဖမ်းဆီး​ရန် ထောင်ချောက်​ဆင်​တတ်​ကြ​၏​။


ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ထို​မြို့​မှ​တစ်ဆင့် ဖိလိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိလိပ္ပိ​မြို့​သည် မာကေဒေါနိ​ပြည်​၏​ထို​အပိုင်း​တွင် အဓိက​မြို့​ဖြစ်​ပြီး ရောမ​လက်အောက်ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အတန်ကြာ​နေ​ကြ​၏။


ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။


ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။


ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။


ထို​ရုန်းရင်းဆန်ခတ်​မှု ရပ်တန့်​သွား​ပြီးနောက် ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ တိုက်တွန်း​နှိုးဆော်​ကာ သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် မာကေဒေါနိ​ပြည်​သို့​ထွက်ခွာ​သွား​လေ​၏။


ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။


ထို​ဒေသ​များ​ကို​ဖြတ်သွား​ရင်း များစွာ​သော​တရား​စကား​တို့​ဖြင့် တပည့်​တော်​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးလျှင် ဂရိ​ပြည်​သို့​ရောက်လာ​၏။


ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။


မိမိ​တို့​အား ကျေးဇူးပြု​သည့်​အနေဖြင့် ပေါလု​ကို ဂျေရုဆလင်​မြို့​သို့​ပို့​ပေး​ရန် သူ့​အား​တောင်းပန်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် ပေါလု​ကို လမ်း​၌​ချောင်းမြောင်း​သတ်ဖြတ်​ရန် ကြံစည်​ထား​ကြ​သောကြောင့်​ဖြစ်​၏။


ငါ​သည် ဤသို့​ယုံကြည်​စိတ်ချ​သဖြင့် သင်​တို့​သည် ကျေးဇူး​တော်​ကို နှစ်​ကြိမ်​ခံစား​ရ​မည့်​အကြောင်း သင်​တို့​ထံသို့ ဦးစွာ​လာ​၍


မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။


မာကေဒေါနိ​ပြည်​သို့ ငါ​တို့​ရောက်​သောအခါ ငါ​တို့​၏​ကိုယ်ကာယ​သည် နား​နေ​ရန်​အခွင့်​မ​ရ​ဘဲ အပြင်​၌​တိုက်ခိုက်​ခြင်း​များ၊ အတွင်း​၌​ကြောက်ရွံ့​ခြင်း​များ​ရှိ​၍ အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ကို​ခံရ​ကြ​၏။


ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ