ကမ္ဘာဦး 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ကာ ဣ န သည် ညီ အာ ဗေ လ နှင့် စ ကား ပြော လျက် လယ်၌ ရှိ ကြ စဉ် ညီ အာ ဗေ လ ကို ရန် ဘက် ပြု၍ သတ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။