တောလည် 35:19 - မြန်မာ့စံမီသမ္မာကျမ်း19 သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible19 သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 သေ စား သေ စေ သူ သည် လူ သတ် ကို တွေ့ ရာ တွင် ကိုယ် တိုင် သတ် စေ။ အခန်းကိုကြည့်ပါ။Judson Bible19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။ |
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။