တောလည် 35:21 - မြန်မာ့စံမီသမ္မာကျမ်း21 ရန်ငြိုးထား၍ လက်သီးနှင့်ထိုးသဖြင့် လူသေသွားလျှင်လည်းကောင်း ထိုသို့ပြုသောသူသည် မုချအသတ်ခံရမည်။ ထိုသူသည် လူသတ်သောသူဖြစ်၏။ သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကို တွေ့လျှင် သတ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible21 လက်သီးနှင့်ထိုး၍သော်လည်းကောင်း သတ် သောသူသည်လူသတ်မှုကိုကူးလွန်သဖြင့် သေဒဏ်စီရင်ခြင်းကိုခံစေရမည်။ သေဆုံး သူနှင့်အနီးဆုံးသွေးတော်စပ်သူသည် တာဝန်ရှိသဖြင့်လူသတ်သမားကိုတွေ့ လျှင်သတ်ရမည်။ အခန်းကိုကြည့်ပါ။Judson Bible21 သေစေခြင်းငှာ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်လည်းကောင်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။