၁ ရာ 18:25 - မြန်မာ့စံမီသမ္မာကျမ်း
25 ရှောလုမင်းကြီးကလည်း “သင်တို့သည် ဒါဝိဒ်အား ‘ရှင်ဘုရင်၏ရန်သူဖြစ်သော ဖိလိတ္တိလူမျိုးတို့ကို လက်တုံ့ပြန်ရန် သူတို့၏ထိပ်ဖုံးအရေပြားတစ်ရာမှတစ်ပါး မည်သည့်မင်္ဂလာကြေးကိုမျှ ရှင်ဘုရင် အလိုမရှိပါ’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ ရှောလုမင်းကြီး၏အကြံမှာ ဖိလိတ္တိလူမျိုးတို့လက်ဖြင့် ဒါဝိဒ် ကျဆုံးစေရန် ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
အခန်းကိုကြည့်ပါ။ ကော်ပီ
25 ဖိ လိ တ္တိ လက် ဖြင့် ဒါ ဝိဒ် သေ စေ ရန် အ ကောက် ဉာဏ် နှင့် ရှော လု မင်း က၊ ဒါ ဝိဒ် အား ပြော ကြ ရ ဦး မည် မှာ ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ ခြင်း အ ဖြစ် ဖိ လိ တ္တိ လူ မျိုး တို့ အ ရေ ဖျား တစ်ရာ မှ တစ် ပါး အ ခြား ကန် တော့ လက် ဆောင် ကို ဘု ရင် မင်း လို တော် မ မူ ဟူ၍ ပြော ဆို ရ မိန့် မှာ လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 သင်တို့သည် တစ်ဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိလူတို့၏ အရေဖျားတစ်ရာမှတစ်ပါး အခြားသောလက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ