မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
တောလည် 21:28 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။ Common Language Bible တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။ Garrad Bible ရှိ ဟုန် မင်း မြို့ တော်၊ ဟေ ရှ ဘုန် မြို့ မှ ထွက် သော မီး လျှံ သည် မော ဘ ပြည်၊ အာ ရ မြို့ နှင့် တ ကွ အာ နုန် ချောင်း အ နီး တောင် စား များ ပါ ကျွမ်း လောင် လေ ပြီ။ Judson Bible ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။ |
မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ထိုဘုရင်၏အကြံ့ခိုင်ဆုံးစစ်သည်တို့ထံ ပိန်ချုံးခြင်းရောဂါကို လွှတ်တော်မူမည်။ သူ၏ဘုန်းအသရေတောက်လောင်သွားအောင် အောက်မှရှို့တော်မူမည်။
ဟေရှဘုန်မြို့၊ ဧလာလေမြို့တို့သည်လည်း အော်ဟစ်ကြ၏။ သူတို့၏အသံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သည်တို့ပါ စိတ်တုန်လှုပ်ချောက်ချား၍ အော်ဟစ်ကြ၏။
မောဘပြည်သားတို့သည် မြင့်ရာအရပ်၌ ဖူးမြော်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံကြသော်လည်း၊ သူတို့၏ဗိမာန်သို့သွား၍ ဆုတောင်းကြသော်လည်း အောင်နိုင်မည်မဟုတ်။
ထို့ကြောင့် ငါသည် တိုင်ရာမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် မောဘပြည်အပေါ် မီးကိုလွှတ်၍ ကေရုတ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။ မောဘပြည်သည် မြည်ဟည်းသံများ၊ ကြွေးကြော်သံများ၊ တံပိုးမှုတ်သံများကြားတွင်ပင် ကျဆုံးသွားရလိမ့်မည်။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
အာရမြို့ရှိရာသို့စီတန်းလျက် မောဘနယ်စပ်တစ်လျှောက် စီးဆင်းနေသည့်ချောင်းများ”ဟု ရေးသားဖော်ပြထား၏။
ထို့ကြောင့် ကဗျာဆရာတို့က “ဟေရှဘုန်မြို့သို့လာကြ။ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ကို တည်ဆောက်ကြ၊ ပြုပြင်ကြ။
နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်