တောလည် 21:29 - မြန်မာ့စံမီသမ္မာကျမ်း29 အို မောဘပြည်၊ သင်၌ အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ပျက်စီးလေပြီ။ ခေမုရှဘုရားသည် မိမိသားများကို ဝရမ်းပြေးအဖြစ်၊ မိမိသမီးများကို သုံ့ပန်းအဖြစ် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးအား ပေးအပ်လေပြီတကား။ အခန်းကိုကြည့်ပါ။Common Language Bible29 မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။ ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။ သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊ အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 အို မော ဘ ပြည်၊ သင် သည် အ မင်္ဂ လာ ရှိ၏။ အို ခေ မု ရှ တ ပည့် သား တို့၊ ပျက် ပြား ကြ လေ ပြီ။ ထို ဘု ရား သည် တ ပည့် သား တို့ ကို ပြေး ရ သူ အ ဖြစ်၊ တ ပည့် သ မီး တို့ ကို သုံ့ ဘမ်း သူ အ ဖြစ် အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ထံ အပ် ရ လေ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible29 အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။ အခန်းကိုကြည့်ပါ။ |
ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။