Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 1:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထို့​ကြောင့်​ငါ​သည်​တု​ရု​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး တု​ရု​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 တု ရု နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တု​ရု​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 1:10
8 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​လူမျိုး​အားလုံး​ကို ဖျက်ဆီး​မည့်​နေ့​၊ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​ကို စစ်ကူပေး​သော​ကြွင်းကျန်သူ​ရှိသမျှ​တို့​ကို ပယ်ဖျက်​မည့်​နေ့ ရောက်လာ​ပြီ​။ ထာဝရဘုရား​သည် ကတ္တောရ​ကျွန်း​ရှိ ကြွင်းကျန်​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဖျက်ဆီး​မည်​။


သင်​၏​ဥစ္စာပစ္စည်း​များ​ကို​လုယူ​မည်​။ ကုန်ပစ္စည်း​များ​ကို သိမ်းယူ​မည်​။ မြို့ရိုး​တို့​ကို​ဖြိုဖျက်​လိမ့်မည်​။ အိမ်ကြီးအိမ်ကောင်း​များ​ကို ဖြိုဖျက်​ပြီး ကျောက်​များ​၊ သစ်သား​များ​ကို အမှုန့်ပါမကျန် ပင်လယ်​ထဲ​သို့​ပစ်ချ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် တိုင်ရာ​မြို့ရိုး​ကို ဖျက်ဆီး​၍ ရဲတိုက်​များ​ကို ဖြိုချ​ကြ​လိမ့်မည်​။ အကျိုးအပဲ့​များ​ကို ရှင်းထုတ်​ပြီး သူ့​ကို ကျောက်တလင်းပြင်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။


သင်​၏​ကြီးလေး​သော​အပြစ်​၊ မတရား​ကုန်သွယ်​သော​အပြစ်​တို့​ကြောင့် သန့်ရှင်းရာဌာန ညစ်ညူး​လေ​ပြီ​။ ထို့ကြောင့် သင့်​အထဲ​မှ မီး​ထတောက်​၍ သင့်​ကို လောင်ကျွမ်း​စေ​မည်​။ ကြည့်ရှု​သူ​တို့​ရှေ့မှောက် မြေ​ပေါ်တွင် သင့်​ကို ပြာပုံ​ဖြစ်​စေ​မည်​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ထို့ကြောင့် ငါ​သည် ဂါဇ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ကြည့်ရှု​လော့​။ ဘုရားရှင်​သည် သူ​ပိုင်ဆိုင်​သမျှ​ကို​သိမ်းပိုက်​၍ သူ့​အစွမ်း​ကို ပင်လယ်ပြင်​တွင် ဖျက်ဆီး​တော်မူ​မည်​။ မီး​ဖြင့် လောင်ကျွမ်း​စေ​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ