တောလည် 20:12 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
အခန်းကိုကြည့်ပါ။
မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ ကို ယုံ ကြည်၍ သီး သန့် မ ထား ကြ သော ကြောင့် ဤ အ စည်း အ ဝေး ကို ငါ ပေး သ နား သော ပြည် သို့ သင် တို့ မ ဆောင် သွင်း ကြ ရ ဟု မိန့် တော် မူ ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။