ယေဇကျေလ 20:41 - မြန်မာ့စံမီသမ္မာကျမ်း41 သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာ၍ ကွဲလွင့်ရာအရပ်ရပ်မှ ပြန်လည်စုစည်းသောအခါ ငါသည် သင်တို့ကို မွှေးကြိုင်သောရနံ့အဖြစ် လက်ခံမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့ရှေ့တွင် ငါထင်ရှားပြမည်။ အခန်းကိုကြည့်ပါ။Common Language Bible41 သင်တို့အားနိုင်ငံများကွဲလွင့်လျက်ရှိသည့် တိုင်းပြည်များမှ ငါသည်သင်တို့ကိုယူဆောင် စုရုံးပြီးနောက်သင်တို့မီးရှို့ပူဇော်သည့်နံ့သာ ပေါင်းနှင့်တကွသင်တို့ကိုငါလက်ခံမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုး တကာတို့တွေ့မြင်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible41 လူ အ မျိုး မျိုး အ ပြည် ပြည် တွင်၊ ကွဲ လွင့် နေ ရာ သင် တို့ ကို စု သိမ်း ထုတ် ဆောင် သည့် ကာ လ၊ စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် လက် ခံ သ ဖြင့်၊ လူ မျိုး ခြား တို့ ရှေ့၊ သီး သန့် ရာ ရောက် ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible41 သင်တို့သည် ကွဲပြားလျက်နေသော အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့် တစ်ပါးအမျိုးသားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
“ဖမ်းခေါ်သွားခြင်းခံရသည့် ငါ့လူမျိုးတော်အစ္စရေးအမျိုးသားတို့ကို ငါပြန်လာစေမည်။ သူတို့သည် ဖျက်ဆီးခြင်းခံရသောမြို့များကို ပြန်လည်တည်ဆောက်၍ နေထိုင်ကြလိမ့်မည်။ စပျစ်ပင်များကို စိုက်၍ စပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ဥယျာဉ်ခြံများကို စိုက်ပျိုး၍ အသီးအနှံတို့ကို စားရလိမ့်မည်။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။