တောလည် 20:12 - Common Language Bible12 သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ ကို ယုံ ကြည်၍ သီး သန့် မ ထား ကြ သော ကြောင့် ဤ အ စည်း အ ဝေး ကို ငါ ပေး သ နား သော ပြည် သို့ သင် တို့ မ ဆောင် သွင်း ကြ ရ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။