အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 137:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​သည် ဘေဘီလုံ​မြစ်​တို့​အနား​တွင် ထိုင်​၍ ဇိအုန်​ကို​သတိရ​လျက် ငိုကြွေး​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါ ငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဇိ အုန် မြို့ ကို သ တိ ရ ကြ သော်၊ ဗာ ဗု လုန် မြောင်း များ အ နီး ငါ တို့ ထိုင်၍ ငို ကြွေး လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ဗာ​ဗု​လုန်​မြစ်​တို့​အ​နား​မှာ ငါ​တို့​သည်​ထိုင်၍၊ ဇိ​အုန်​မြို့​ကို​အောက်​မေ့​လျက် ငို​ကြွေး​ကြ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 137:1
27 ပူးပေါင်းရင်းမြစ်များ  

လမ်းခရီး​တွင် ငါ​တို့​နှင့်​ကလေးသူငယ်​များ​အပါအဝင် ပစ္စည်းဥစ္စာ​များ လုံခြုံမှု​ရှိ​စေရန် ဘုရားသခင်​ရှေ့​တော်​၌ ကိုယ်​ကို​နှိမ့်ချ​၍ အစာရှောင်​ဆုတောင်း​ကြ​မည့်​အကြောင်း အဟာဝ​မြစ်​နား​တွင် ငါ​ကြေညာ​၏​။


ပထမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​နေ့​တွင် ငါ​တို့​သည် အဟာဝ​မြစ်​မှ​ထွက်ခွာ​၍ ဂျေရုဆလင်​မြို့​သို့ သွား​ကြ​၏​။ ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ပါရှိ​၍ လမ်း​တစ်လျှောက်လုံး​တွင် ရန်သူ​များ​၊ ချောင်းမြောင်း​နေ​သူ​များ​၏​ရန်​မှ ကွယ်ကာ​ပေး​၏​။


မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


ဤ​အရာ​တို့​ကို​ငါ​အောက်မေ့​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ငါ့​အထဲ​၌​ယိုဖိတ်​လျက်​ရှိ​၏​။ အကြောင်းမူကား ငါ​သည် လူအုပ်ကြီး​နှင့်အတူ​လျှောက်သွား​၍ ပွဲတော်​ကျင်းပ​နေ​သည့်​ထို​လူအုပ်​နှင့်အတူ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​နှင့် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​ဖြင့် ဘုရားသခင်​၏​အိမ်​တော်​သို့ တရွေ့ရွေ့သွား​လေ့​ရှိ​၏​။


ဂျေရုဆလင်​မြို့​ကို​ချစ်​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ ဂျေရုဆလင်​မြို့​အတွက် ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ပျော်ရွှင်​ကြ​လော့​။


“​သင်​ဝယ်​၍ ခါး​၌​စည်းထား​သော​ခါးပတ်​ကို​ယူ​ပြီး ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ ထ​သွား​လော့​။ ထို​နေရာ​ရှိ ကျောက်တုံး​ကြား​တွင် ဝှက်​ထား​လော့​”​ဟု မိန့်​တော်မူ​၏​။


အပျော်အပါး​လိုက်စား​သော​သူ​တို့​၏​အစည်းအဝေး​၌ အကျွန်ုပ်​မ​ထိုင်​ပါ​။ ပျော်ပါး​၍​လည်း မ​နေ​ပါ​။ အကျွန်ုပ်​အပေါ်​၌ ကိုယ်တော်​၏​လက်​တော်​သက်ရောက်​သောကြောင့် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ဒေါသ​နှင့်​ပြည့်​စေ​တော်မူ​ပါ​၏​။


မြစ်​နား​၌​နေ​၍ ဥစ္စာ​ကြွယ်ဝ​သော​မြို့​၊ သင်​၏​မတရား​အကျိုးစီးပွားရှာ​ခြင်း​များ အဆုံးသတ်​မည့်​အချိန်​ရောက်လာ​ပြီ​။


“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။”


ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။


သူ​တို့​သည် ဘုရားရှင်​ထံ စိတ်နှလုံး​ထဲမှ အော်ဟစ်​ကြ​ပြီ​။ အို ဇိအုန်​သမီးပျို​၏​မြို့ရိုး​၊ နေ့နေ့​ညည မျက်ရည်​ချောင်း​စီးဆင်း​စေ​လော့​။ မနားတမ်းငို​လော့​။ သင့်​မျက်ဆန်​ကို အနား​မ​ပေး​နှင့်​။


ငါ့​လူမျိုး​သမီးပျို ပျက်စီး​သောကြောင့် ငါ့​မျက်စိ​မှ မျက်ရည်​ချောင်း​စီး​ရ​လေ​ပြီ​။


မြို့​သမီးပျို​အပေါင်း​တို့​၏​အဖြစ်​ကို မြင်​ရ​သောကြောင့် ငါ့​စိတ်နှလုံး​ကြေကွဲ​ရ​ပြီ​။


အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။


ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။


ငါ​သည် ခေဗာ​မြစ်​နား​၊ တေလဗိဗ​မြို့​ရှိ သုံ့ပန်း​တို့​ထံ​ပြန်​ရောက်လာ​၍ သူ​တို့​နေထိုင်​ရာ​မြို့​တွင် ငါ​ထိုင်​နေ​၏​။ ထို​နေရာ​တွင် ခုနစ်​ရက်​ပတ်လုံး ထိုင်​၍ မိန်းမောတွေဝေ​လျက်​နေ​လေ​၏​။


ထိုအခါ ငါ​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ဝတ်​လျက်​၊ ပြာ​၌​လူး​လျက် အရှင်​ဘုရားသခင်​ထံ မျက်နှာမူ​၍ အသနားခံ​ဆုတောင်း​လေ​၏​။


ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​၍ ထို​မြို့​ကို​မြင်​တော်မူ​လျှင် ၎င်း​အတွက် ငိုကြွေး​လျက်


ထိုအခါ ငါ​သည် ငါ​၏​သက်သေ​နှစ်​ပါး​တို့​အား အခွင့်​ပေး​သဖြင့် သူ​တို့​သည် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်”​ဟု ဆို​၏။