Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 2:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ကာ လ အ စဉ် ဘု ရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော၊ ကျွန် တော့် ဘိုး ဘေး သင်္ချိုင်း ရှိ ရာ မြို့ သည်၊ ဖုန်း ဆိုး ကုန်း ဖြစ် လျက်၊ တံ ခါး လည်း မီး ကျွမ်း လောင် သော ကြောင့်၊ မျက် နှာ မ ညှိုး ဘဲ မည် သို့ နေ နိုင် ပါ အံ့ နည်း ဟု တင် လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 2:3
21 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​တော်​တွင် ဦးညွှတ်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး သက်တော်ရာကျော်ရှည်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ခုနစ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​၏​အမှုထမ်း ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။


သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။


ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။


ကျွန်တော်မျိုးမ​၏​လူမျိုး​အပေါ်​ကျရောက်​မည့်​ဘေးဆိုး​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​။ ကျွန်တော်မျိုးမ​၏​ဆွေမျိုးသားချင်း​တို့ ဖျက်ဆီး​ခံရ​မည်​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​”​ဟု လျှောက်တင်​လေ​၏​။


အကယ်စင်စစ် ကိုယ်တော်​၏​အစေအပါး​တို့​သည် ဇိအုန်​၏​ကျောက်တုံး​များ​ကို နှစ်သက်​၍ ၎င်း​၏​မြေမှုန့်​ကို​ပင် စုံမက်​ကြ​ပါ​၏​။


လူမျိုးတကာ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို​လည်းကောင်း​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို​လည်းကောင်း ကြောက်ရွံ့​ကြ​ပါ​လိမ့်မည်​။


သင့်​ကို ငါ​သတိ​မ​ရ​ခဲ့​လျှင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​ကို ငါ့​ဝမ်းမြောက်​ခြင်း​၏​ထိပ်ဆုံး​၌ မ​ထားခဲ့​လျှင်​လည်းကောင်း ငါ​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါစေ​။


အကြောင်းမူကား အကျွန်ုပ်​၏​ခါး​တစ်ဝိုက်လုံး​သည် ပူလောင်​နာကျင်​၍ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​ထံပါး​၌​ခစား​သော ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။


မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။


ခါလဒဲ​ပညာရှိ​တို့​က​လည်း အာရမိတ်​ဘာသာစကား​ဖြင့် ရှင်ဘုရင်​အား “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို​ပြောပြ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့ အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။


သူ​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


မယ်တော်​က ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကားသံ​ကို ကြား​လျှင် စားသောက်ပွဲ​ခန်းမ​ထဲသို့​ဝင်လာ​၍ “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး တွေးတော​ထိတ်လန့်​ခြင်း မ​ရှိ​ပါ​နှင့်​။ မျက်စိမျက်နှာ​လည်း မ​ပျက်​ပါ​နှင့်​။


ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ