Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သူ​တို့​သည် ဘုရားရှင်​ထံ စိတ်နှလုံး​ထဲမှ အော်ဟစ်​ကြ​ပြီ​။ အို ဇိအုန်​သမီးပျို​၏​မြို့ရိုး​၊ နေ့နေ့​ညည မျက်ရည်​ချောင်း​စီးဆင်း​စေ​လော့​။ မနားတမ်းငို​လော့​။ သင့်​မျက်ဆန်​ကို အနား​မ​ပေး​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။ မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။ သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:18
14 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။


သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။


ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။


သားဦး​ဖွား​၍ ဝေဒနာ​ခံစား​ရ​သော​မိန်းမ​၏​ညည်းတွား​သံ​ကဲ့သို့ ဇိအုန်​သမီး​၏​အသံ​ကို ငါ​ကြား​ရ​၏​။ သူ​သည် မောဟိုက်​လျက်​၊ လက်​ကို​ဖြန့်ထား​လျက် ‘ငါ​၌ အမင်္ဂလာ​ရှိ​၏​။ လူသတ်သမား​များ​ကြောင့် ငါ့​စိတ်နှလုံး မောပန်း​လှ​သည်’​ဟု ဆို​၏​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။


သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။


ထာဝရဘုရား​သည် ဇိအုန်​သမီးပျို​၏​မြို့ရိုး​ကို ဖျက်ဆီး​မည်​ဟု ကြံရွယ်​တော်မူ​ပြီ​။ မျဉ်းကြိုး​ကို​ချ​ပြီး လက်​တော်​ကို​ဆန့်​လျက် ဖျက်ဆီး​တော်မူ​ပြီ​။ တံတိုင်း​နှင့်​မြို့ရိုး​တို့​အား ငိုကြွေးမြည်တမ်း​စေ​တော်မူ​ပြီ​။ အားလုံး​ပြိုကျပျက်စီး​လေ​ပြီ​။


အိပ်ရာ​ထက်​တွင် ညည်းတွားမြည်တမ်း​ကြ​သော်လည်း စိတ်နှလုံး​ပါ​လျက် ငါ့​ထံ​ဆု​မ​တောင်း​ကြ​။ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ရရှိ​ရန် စုရုံး​ကြ​ပြီး ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။


စင်စစ် ကျောက်တုံး​တစ်​တုံး​သည် နံရံ​ထဲမှ​အော်ဟစ်​၍ ရက်မ​တစ်​ချောင်း​သည် သစ်သား​များ​ထဲမှ​တုံ့ပြန်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ