Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:51 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

51 မြို့​သမီးပျို​အပေါင်း​တို့​၏​အဖြစ်​ကို မြင်​ရ​သောကြောင့် ငါ့​စိတ်နှလုံး​ကြေကွဲ​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

51 မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

51 ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:51
14 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​နှင့်အတူ သူငယ်​မ​ပါ​လျှင် အကျွန်ုပ်​သည် ဖခင်​ထံသို့ မည်သို့​ပြန်သွား​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​ဖခင်​ကြုံတွေ့​ရ​မည့်​စိတ်ဒုက္ခ​ကို အကျွန်ုပ်​မ​မြင်​လို​ပါ​”​ဟု လျှောက်​လေ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​မည်​။ လူပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​လိမ့်မည်​။


ပရောဖက်ပြု​ခံရ​သော​ပြည်သား​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ကြောင့် သေဆုံး​၍ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ပစ်ထား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​နှင့်တကွ သူ​တို့​၏​မယား​၊ သား​သမီး​တို့​ကို သင်္ဂြိုဟ်​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ သူ​တို့​ပြု​ခဲ့​သော​မကောင်းမှု​ကို သူ​တို့​အပေါ်​သို့ ငါ​သွန်ချ​မည်​။


ကွင်းပြင်​သို့​ထွက်သွား​သော် ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ မြို့​ထဲသို့​ဝင်​သော် ငတ်မွတ်ခေါင်းပါး​ခြင်း​ဝေဒနာ​ခံစား​နေ​ရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​တို့​သည် သူ​တို့​မ​သိ​သော​ပြည်​သို့ သွား​ကြ​ပြီ​’​ဟူသော​စကား​ကို ပြောကြား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​အသက်​ကို​ရန်ရှာ​သော​ရန်သူ​တို့​သည် သူ​တို့​ကို ဝိုင်းရံ​ထား​သဖြင့် အကျပ်အတည်း​ထဲသို့​ရောက်​သောအခါ သူ​တို့​သား​သမီး​များ​၏​အသား​ကို သူ​တို့​အား ပြန်စား​စေ​မည်​။ သူ​တို့​သည် အချင်းချင်း​တို့​၏​အသား​ကို ပြန်စား​ကြ​ရ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ’​ဟု ဆင့်ဆို​လော့​။


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။


ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။


လူကြီး​လူငယ်​တို့​သည် လမ်းမ​ပေါ် ဖုန်တော​ထဲ၌ လဲ​နေ​လေ​ပြီ​။ အပျို​လူပျို​တို့​သည်​လည်း ဓား​ဖြင့် လဲကျ​သေဆုံး​ကြ​လေ​ပြီ​။ အမျက်ထွက်​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကွပ်မျက်​တော်မူ​ပြီ​၊ မ​ညှာ​မ​တာ​သတ်ဖြတ်​တော်မူ​ပြီ​။


ရန်သူ​တို့​သည် အကြောင်းမရှိ​ဘဲ ငါ့​ကို ငှက်​ကဲ့သို့ လိုက်ဖမ်း​ကြ​ပါ​၏​။


သူ​တို့​သည် ဇိအုန်​မြို့သူ​များ​၊ ယုဒ​မြို့ရွာ​တို့​မှ အပျိုကညာ​တို့​ကို အဓမ္မပြု​ကြ​ပါ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ