သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ကမ္ဘာဦး 42:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။ Common Language Bible အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။- Garrad Bible ယော သပ် သည် နိုင် ငံ ချုပ် မင်း ဖြစ် ၍ ပြည် သား အ ပေါင်း တို့ အား ရောင်း ခြင်း အ မှု ကို စီ ရင် ရ သ ဖြင့် အစ် ကို တို့ လာ ရောက် ပျပ် ဝပ် ရှိ ခိုး ကြ သော်၊ Judson Bible ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ |
သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ထို့နောက် သူကိုယ်တိုင် သူတို့ရှေ့မှသွား၍ ခုနစ်ကြိမ်တိုင်တိုင် မြေမှာပျပ်ဝပ်ရင်း အစ်ကိုထံသို့ချဉ်းကပ်လေ၏။
မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
အပြည်ပြည်မှလူတို့သည်လည်း အစားအစာဝယ်ယူရန် အီဂျစ်ပြည်ရှိ ယောသပ်ထံသို့လာကြ၏။ အကြောင်းမူကား မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
ယုဒနှင့်သူ၏ညီအစ်ကိုတို့သည် ယောသပ်၏အိမ်သို့ပြန်ရောက်သောအခါ ယောသပ်သည် အိမ်၌ပင်ရှိနေသေး၍ သူတို့သည် ယောသပ်ရှေ့၌ ညွတ်တွားပျပ်ဝပ်ကြ၏။
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။