ဟေရှာယ 60:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 သင့် ကို ညှဉ်း ပန်း ခဲ့ သူ တို့ သား များ သည် တိုး ဝင် ဦး ညွှတ်၍၊ မ ထီ မဲ့ မြင် ပြု သူ အ ပေါင်း တို့ လည်း၊ သင့် ခြေ ဖ ဝါး အောက် ပျပ် ဝပ် လျက်၊ ထာ ဝ ရ ဘု ရား၏ မြို့ တော်၊ ဣ သ ရေ လ လူ မျိုး တို့ သန့် ရှင်း သော အ ရှင်၏ ဇိ အုန် တောင် တော် ဟု သ မုတ် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 သင့်ကို ညှဉ်းဆဲသောသူတို့၏သားတို့သည် သင့်ထံသို့လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင်ပြုသောသူ အပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြလိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။