ကမ္ဘာဦး 45:26 - မြန်မာ့စံမီသမ္မာကျမ်း26 သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 ယော သပ် ရှိ သေး ကြောင်း၊ အိ ဂျစ် တစ် ပြည် လုံး အုပ် ချုပ် ရ ကြောင်း များ ကို ကြား ပြော ကြ သည် ရှိ သော်၊ ယာ ကုပ် သည် ထို သ တင်း ကို မ ယုံ၍ စိတ် အား လျော့ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible26 ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကိုအုပ်စိုးရ၏ဟု ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည်စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံနိုင်။ အခန်းကိုကြည့်ပါ။ |
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။