ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
၂ သက် 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့နားလည်သဘောပေါက်စေရန်နှင့် ခရစ်တော်ကဲ့သို့ သည်းခံတတ်စေရန် သခင်ဘုရားသည် သင်တို့ကို လမ်းညွှန်တော်မူပါစေသော။ Common Language Bible သင်တို့သည်ဘုရားသခင်၏မေတ္တာတော်ကို ပိုမို၍သိမြင်နားလည်နိုင်ကြစေရန်လည်း ကောင်း၊ ခရစ်တော်နည်းတူသည်းခံနိုင်ကြ စေရန်လည်းကောင်း သခင်ဘုရားသည်သင် တို့ကိုလမ်းညွှန်တော်မူပါစေသော။ Garrad Bible အ ရှင် ဘု ရား သည် သင် တို့ စိတ် နှ လုံး များ ကို ဘု ရား သ ခင်၏ မေ တ္တာ တော် ထဲ သို့လည်း ကောင်း၊ ခ ရစ် တော်၏ တည် ကြည် တော် မူ ခြင်း ထဲ သို့ လည်း ကောင်း ပို့ ဆောင် တော် မူ ပါ စေ သော။ Judson Bible ဘုရားသခင်ကို ချစ်စေခြင်းငှာလည်းကောင်း၊ ခရစ်တော်၏နည်းတူ သည်းခံစေခြင်းငှာလည်းကောင်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။ |
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
သို့သော် ကျွန်ုပ်တို့မတွေ့မြင်ရသေးသောအရာကို မျှော်လင့်ကြလျှင်မူ ထိုအရာကို သည်းခံသောစိတ်နှင့် စောင့်မျှော်ကြ၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏သခင် ယေရှုသည် သင်တို့ထံ ကျွန်ုပ်တို့ လာနိုင်ရန် လမ်းဖွင့်ပေးတော်မူပါစေသော။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ဘုရားသခင်၏ နေ့ရက်ကို စောင့်မျှော်၍ ထိုနေ့ရက်ကို အလျင်အမြန်လာစေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် မီးလောင်ကျွမ်း၍ ပျက်ပြယ်သွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သော အပူရှိန်၌ အရည်ပျော်သွားလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။