သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။
၂ သက် 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သခင်ဘုရားသည် သစ္စာရှိသောအရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့ကို ကြံ့ခိုင်စေ၍ မာရ်နတ်ထံက ကာကွယ်ပေးတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်သခင်ဘုရားသည်သစ္စာတော်အရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့အားကြံ့ခိုင် စေ၍မာရ်နတ်၏ဘေးမှကာကွယ်တော်မူလိမ့်မည်။- Garrad Bible သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။ Judson Bible သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ဆိုးညစ်သောသူထံမှ ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။ |
သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်းသွေးဆောင်ရာသို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
ထိုသူတို့ကို ဤလောကမှ နုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည် မဟုတ်ပါ။ သို့ရာတွင် သူတို့ကို မာရ်နတ်၏ လက်မှ လွတ်ကင်းရန်ကိုသာ အကျွန်ုပ်တောင်းလျှောက်ပါ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
သင်တို့ကို ခေါ်တော်မူသောအရှင်သည် သစ္စာရှိသော ဘုရားဖြစ်သောကြောင့် ကတိထားသည့်အတိုင်း ပြုတော်မူမည်။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်