ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
၂ ယော 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။ Common Language Bible အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။- Garrad Bible ငါ တို့၌ တည် လျက် ကာ လ အ စဉ် ပါ ရှိ မည့် သ မ္မာ တ ရား အ တွက် ကြောင့် ငါ သာ မ ဟုတ် သ မ္မာ တ ရား ကို သိ ကျွမ်း သူ ခပ် သိမ်း တို့ လည်း သ စ္စာ နှင့် ချစ် ခင် ကြ သော လက် ရွေး ခံ အ ရှင် မ နှင့် သား သ မီး တို့ ထံ ဥ က္က ဋ္ဌ ဖြစ် သူ ငါ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။ |
ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
သမ္မာတရားကိုလည်း သိသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
သခင်ဘုရား၏ အမှုတော်အတွက် သခင်ဘုရားကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖုနှင့် ကျွန်ုပ်အတွက် မိခင်သဖွယ်ဖြစ်သောသူ၏မိခင်ကို နှုတ်ဆက်ပေးကြလော့။
သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။
သို့သော် စစ်မှန်သောသတင်းကောင်းသည် သင်တို့ထံ၌ ဆက်၍ တည်နိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သောသတင်းကောင်းကို သင်တို့အတွက် ဆက်၍ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
ယခင်က သင်တို့သည် သမ္မာတရားလမ်းအတိုင်း ကောင်းမွန်စွာ ပြေးခဲ့ကြ၏။ ယခုတွင်မူ သမ္မာတရားကို မလိုက်နာစေရန် သင်တို့ကို မည်သူတားဆီးသနည်း။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
သင်တို့နှင့်အတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိ အသင်းတော်နှင့် ကျွန်ုပ်သား မာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်၏။
သမ္မာတရားကို သင်တို့မသိသောကြောင့် ကျွန်ုပ်ရေးလိုက်သည် မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းအမျိုးမျိုးသည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကိုလည်းကောင်း သင်တို့သိသောကြောင့် ကျွန်ုပ်ရေးလိုက်ခြင်းဖြစ်၏။
ဘုရားသခင် ရွေးကောက်တော်မူသော သင့်ညီမ၏ သားသမီးတို့သည် သင့်အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။