၂ ယော 1:1 - Common Language Bible1 အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ငါ တို့၌ တည် လျက် ကာ လ အ စဉ် ပါ ရှိ မည့် သ မ္မာ တ ရား အ တွက် ကြောင့် ငါ သာ မ ဟုတ် သ မ္မာ တ ရား ကို သိ ကျွမ်း သူ ခပ် သိမ်း တို့ လည်း သ စ္စာ နှင့် ချစ် ခင် ကြ သော လက် ရွေး ခံ အ ရှင် မ နှင့် သား သ မီး တို့ ထံ ဥ က္က ဋ္ဌ ဖြစ် သူ ငါ ရေး လိုက် သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible1-2 အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-