၂ ယော 1:2 - Common Language Bible2 အဘယ်ကြောင့်ဆိုသော်သမ္မာတရားသည် ငါ တို့စိတ်နှလုံးတွင်တည်နေလျက် ငါတို့နှင့် အတူအစဉ်မပြတ်ရှိမည်ဖြစ်သောကြောင့် တည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထဲတွင် တည်နေ၍ ကျွန်ုပ်တို့နှင့် အစဉ်မပြတ်ရှိနေမည့် သမ္မာတရားကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သားသမီးတို့၊ သင်တို့သည်ခမည်းတော် ကိုသိသူများဖြစ်သောကြောင့်သင်တို့ထံသို့ ငါစာရေးလိုက်၏။ သင်တို့သည်အစကပင် ရှိတော်မူသောအရှင်ကိုသိသူများဖြစ် သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက် ၏။ လူငယ်လူရွယ်တို့၊ သင်တို့သည်ခွန်အား ရှိ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့တွင်ကိန်းအောင်းလျက်၊ မာရ်နတ်ကို အောင်သောကြောင့်သင်တို့ထံသို့ငါစာရေး လိုက်၏။
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-