ထို့ကြောင့် တစ်စုံတစ်ဦးက သင်တို့ကို ‘ကြည့်လော့။ ခရစ်တော်သည် တောကန္တာရတွင် ရှိသည်’ ဟု ဆိုလျှင်လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤနေရာ၌ ပုန်းနေသည်’ ဟု ဆိုလျှင်လည်း မယုံကြနှင့်။
၂ ပေ 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။ Common Language Bible သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့သည်ထိုနေ့ရက် ကိုစောင့်မျှော်လျက်နေကြစဉ် ဘုရားသခင် ၏ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း အပြစ်ကင်းစေရန်လည်းကောင်း၊ ကိုယ်တော် နှင့်ငြိမ်းချမ်းမှုရရှိ၍နှစ်သက်လက်ခံဖွယ် ဖြစ်စေရန်လည်းကောင်း အစွမ်းကုန်ကြိုးစား အားထုတ်ကြလော့။- Garrad Bible သို့ ဖြစ်၍ ချစ် သူ တို့၊ ထို အ ရာ များ ကို စောင့် မျှော် ကြ သ ဖြင့် မျက် မှောက် တော် တွင် အ စွန်း အ ကွက် အ ပြစ် အ နာ ကင်း လျက်၊ စိတ် ချမ်း မြေ့ လျက်၊ အ ရှု တော် ခံ ရ အံ့ သော ငှာ လုံ့ လ ထုတ် ကြ လော့။ Judson Bible ထိုသို့ မျှော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။ |
ထို့ကြောင့် တစ်စုံတစ်ဦးက သင်တို့ကို ‘ကြည့်လော့။ ခရစ်တော်သည် တောကန္တာရတွင် ရှိသည်’ ဟု ဆိုလျှင်လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤနေရာ၌ ပုန်းနေသည်’ ဟု ဆိုလျှင်လည်း မယုံကြနှင့်။
သခင်သည် ပြန်လာသောအခါ ထိုသို့ အလုပ်လုပ်နေသော အစေခံကို တွေ့မြင်လျှင် ထိုအစေခံသည် မင်္ဂလာရှိ၏
“အရာအားလုံးကို အုပ်စိုးတော်မူသောအရှင်ဘုရားသခင်… ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏အစေခံ အကျွန်ုပ်ကို ငြိမ်းချမ်းစွာ သေရသောအခွင့်ကို ယခုပေးတော်မူပြီ။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူမည့်နေ့တွင် သင်တို့၌ အပြစ်ကင်းနေစေရန်အတွက် ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ဤသည်မှာ သင်တို့သည် အကောင်းဆုံးဖြစ်သောအရာကို ပိုင်းခြားသိမြင်နိုင်၍ ခရစ်တော် ပြန်ကြွလာမည့်နေ့တိုင်အောင် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိစေရန် ဖြစ်၏။
ထိုသို့ပြုလျှင် ဖောက်ပြန်ကောက်ကျစ်သည့်သူများ၏ အလယ်တွင် သင်တို့သည် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်။ ဤလောက၌ ထိုသူတို့၏ အလယ်တွင် ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
ကျွန်ုပ်တို့၏သခင် ယေရှုသည် မိမိ၏ ကောင်းကင်တမန်များနှင့်အတူ ပြန်လည်ကြွလာတော်မူသောအခါ သင်တို့သည် ကျွန်ုပ်တို့ အဖဘုရားသခင် ရှေ့တော်၌ အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းနေရန် သခင်ဘုရားသည် သင်တို့၏ စိတ်ကို ခိုင်ခံ့မြဲမြံအောင် ပြုတော်မူပါစေသော။
ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်ကိုယ်တိုင်သည် သင်တို့ကို အကြွင်းမဲ့သန့်ရှင်းစေတော်မူပါစေသော။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာသည့်တိုင်အောင် သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ဆိုဖွယ်မရှိစေရန် စောင့်ရှောက်ပါစေသော။
သင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူသည့်တိုင်အောင် အစွန်းအထင်းကင်း၍ အပြစ်ဆိုဖွယ်မရှိစေရန် ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာလော့။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
ချစ်ရသောသူတို့… ယခု ဤစာသည် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သောဒုတိယမြောက်စာဖြစ်၏။ စာနှစ်စောင်လုံးတွင် သင်တို့အား ရိုးသားမှန်ကန်စွာ တွေးခေါ်နိုင်ရန် သတိပေး၍ လှုံ့ဆော်ရေးသားထား၏။
ပေါလုသည် ဤအကြောင်းအရာများနှင့်ပတ်သက်၍ သူ၏စာအားလုံးတွင်လည်း ဤအတိုင်းပင် ရေးသားထား၏။ သူ၏ စာများထဲတွင် နားလည်ရန် ခက်ခဲသော အကြောင်းအရာတချို့ ပါဝင်၏။ မသိနားမလည်သူများနှင့် တည်ငြိမ်ရင့်ကျက်မှုမရှိသောသူများသည် အခြားကျမ်းများကို ပြုသကဲ့သို့ ထိုစာ၏ အနက်ကိုလည်း မှောက်လှန်၍ မိမိကိုယ်ကိုယ် ပျက်စီးစေတတ်ကြ၏။
ကိုယ်တော်အပေါ် ဤမျှော်လင့်ချက်ရှိသောသူအပေါင်းတို့သည် ကိုယ်တော် သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေကြ၏။