ထိုသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ခိုင်မာကြ၍ နေ့စဉ် လူဦးရေတိုးပွားလေ၏။
၂ ပေ 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကို သိပြီး သင်တို့ခံယူထားသော သမ္မာတရား၌ မြဲမြံနေပြီဖြစ်သော်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ သင်တို့အား အစဉ်သတိပေးရန် ကျွန်ုပ်ရည်ရွယ်ထား၏။ Common Language Bible ထို့ကြောင့်သင်တို့သည်ဤအကြောင်းအရာ များကိုသိရှိနားလည်လျက် မိမိတို့ခံယူရ ရှိထားသည့်သမ္မာတရားတော်တွင်အခြေခိုင် ၍နေပြီဖြစ်သော်လည်း ငါသည်သင်တို့အား ထိုအရာများအကြောင်းကိုအစဉ်သတိ ပေးလို၏။- Garrad Bible ထို ကြောင့် သင် တို့ ပါ ရှိ သော သ မ္မာ တ ရား တော်၌ တည် ကြည် လျက် ဆို ခဲ့ သည့် အ ကြောင်း အ ရာ အ များ ကို သိ ကြ သော် လည်း အ စဉ် မ ပြတ် ငါ သ တိ ပေး သည့် ပြင်၊ Judson Bible ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထား၏။ |
ထိုသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ခိုင်မာကြ၍ နေ့စဉ် လူဦးရေတိုးပွားလေ၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်အသက်ရှင်နေသရွေ့ ဤအကြောင်းအရာများကို သင်တို့အား ဆက်လက်သတိပေးနေသင့်သည်ဟု ကျွန်ုပ်ယူဆ၏။
ကျွန်ုပ်သေဆုံးပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်သတိရနေစေရန် ကျွန်ုပ်ကြိုးစားအားထုတ်မည်။
ချစ်ရသောသူတို့… ယခု ဤစာသည် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သောဒုတိယမြောက်စာဖြစ်၏။ စာနှစ်စောင်လုံးတွင် သင်တို့အား ရိုးသားမှန်ကန်စွာ တွေးခေါ်နိုင်ရန် သတိပေး၍ လှုံ့ဆော်ရေးသားထား၏။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။
သမ္မာတရားကို သင်တို့မသိသောကြောင့် ကျွန်ုပ်ရေးလိုက်သည် မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းအမျိုးမျိုးသည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကိုလည်းကောင်း သင်တို့သိသောကြောင့် ကျွန်ုပ်ရေးလိုက်ခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထဲတွင် တည်နေ၍ ကျွန်ုပ်တို့နှင့် အစဉ်မပြတ်ရှိနေမည့် သမ္မာတရားကြောင့်ဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။
ဤအရာအားလုံးကို သင်တို့သိပြီးသော်လည်း သင်တို့အား ကျွန်ုပ်သတိပေးလို၏။ တစ်ချိန်က သခင်ဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ကယ်နုတ်ခဲ့ပြီးနောက် မယုံကြည်သောသူများကို ဖျက်ဆီးတော်မူခဲ့၏။