Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေ 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ကျွန်ုပ်​သေဆုံး​ပြီးနောက်​တွင်လည်း ဤ​အကြောင်းအရာများ​ကို သင်တို့​အစဉ်​သတိရနေ​စေရန် ကျွန်ုပ်​ကြိုးစား​အားထုတ်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထွက် ခွာ ပြီး နောက် လည်း အ ခါ ခပ် သိမ်း သင် တို့ သ တိ ရ ကြ စေ ရန် လုံ့ လ ထုတ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​မှ​တစ်​ပါး၊ ငါ​စု​တေ့​သည်​နောက်၊ သင်​တို့​သည် ဤ​အ​ရာ​များ​ကို အ​စဉ်​မှတ်​မိ​စေ​ခြင်း​ငှာ ငါ​ကြိုး​စား အား​ထုတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဤ​လောက​မှ ငါ​ထွက်ခွာ​သွား​ပြီး​နောက်တွင်​လည်း ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အစဉ်အမြဲ​သတိရ​စေရန် ငါ​ကြိုးစား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:15
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သည် ဤ​အကြောင်းအရာများ​ကို သိပြီး သင်တို့​ခံယူထားသော သမ္မာတရား​၌ မြဲမြံနေပြီဖြစ်​သော်လည်း ဤ​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ သင်တို့​အား အစဉ်​သတိပေး​ရန် ကျွန်ုပ်​ရည်ရွယ်ထား၏။


အာဗေလ​သည် ကာဣန​ထက် ပို​၍ မြတ်သော​ယဇ်​ကို ဘုရားသခင်​အား ယုံကြည်ခြင်း​ဖြင့် ပူဇော်၏။ ဘုရားသခင်​သည် အာဗေလ​၏ အလှူ​ကို နှစ်သက်​လက်ခံတော်မူ​ပြီး အာဗေလ​သည် ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူခြင်း​ခံရ၏။ အာဗေလ​သည် ကွယ်လွန်​သော်လည်း ထို​ယုံကြည်ခြင်း​စံနမူနာ​ဖြင့် ကျွန်ုပ်တို့​အား ဟောပြော​နေဆဲ​ဖြစ်၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


သင်​သည် တရားလို​နှင့်အတူ တရားသူကြီး​ထံသို့ သွား​သောအခါ လမ်း​၌​အမှု​ကျေအေး​စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်​လျှင် သူ​သည် သင့်​ကို တရားသူကြီး​ရှေ့​သို့ ဆွဲခေါ်သွား​လိမ့်မည်။ ထိုမှ​တစ်ဖန် တရားသူကြီး​သည်လည်း အရာရှိ​ထံသို့ အပ်​ကာ ထို​အရာရှိ​သည် သင့်​ကို ထောင်ချ​လိမ့်မည်။


ကျွန်ုပ် သင်တို့​နှင့်အတူ ရှိစဉ်​က ဤ​အကြောင်းအရာများ ပြောခဲ့သည်​ကို သင်တို့ မမှတ်မိကြသလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ